Thursday, May 30, 2013

ကမ္ဘာတစ်လွှား ထူးထူးခြား, ဖက်ရှင်စတိုင်

ကမ္ဘာတစ်လွှား ထူးထူးခြား, ဖက်ရှင်စတိုင် 

ဂျပန်နိုင်ငံသည် ဖက်ရှင် အဆန်းထွင်ဆုံး နိုင်ငံဖြစ်သည်ဟု ဆိုရမည်။ ဂျပန်တို့သည် ပုံမှန် ကုန်စည်များကို လှလှပပ ဒီဇိုင်းထွင် ထုတ်သကဲ့သို့ ပစ္စည်း အထူးအဆန်းလေးများ နှင့် ရိုးရာပစ္စည်းများကိုလည်း လှလှပပ ပြုလုပ်တတ်ကြသေးသည်။
ထိုကဲ့သို့ ကုန်ပစ္စည်းများကို အထူးအဆန်း ဒီဇိုင်းအမျိုးမျိုး ထွင်သကဲ့သို့ ဖက်ရှင် လောကတွင်လည်း ဂျပန်တို့သည် ဆန်းဆန်းပြားပြား ဖက်ရှင်များကို ဝတ်ဆင်တတ်ကြသည်။ အချို့သော အဆန်းထွင်လွန်သည့် ဖက်ရှင်များကို ရူးရူးနှမ်းနှမ်း ဖက်ရှင် (crazy fashion) ဟုဆိုကြသည်။ ဂျပန်တွင် ခေတ်စားသော ဖက်ရှင်များထဲတွင် ထို crazy fashion များသည်လည်း အပါအဝင်ဖြစ်သည်။
   ဂျပန်တွင် ခေတ်စားလျက်ရှိသည်ဟု ဆိုသော ဆန်းဆန်းပြားပြား ဖက်ရှင်အချို့ကို  ပရိသတ်များအတွက် ဖော်ပြလိုက်ပါသည်။

No comments:

Post a Comment

မှတ်ချက်များကို စနစ်တကျ စီစစ်ပြီးမှ ဖော်ပြမည်ဖြစ်ပါ၍ မကြာခင် နောက်တစ်ခါ ပြန်ရောက်လာပါက ဖော်ပြပေးပါမည်..လိုအပ်တာလေးတွေ
ရှိသေး၍ကြိုးစားနေပါတယ် ပို့စ်နဲ့မကိုက်ညီသော စာသားများတွေ့ရှိပါက
ပယ်ဖြတ်သွားမည် ဖြစ်ပါ၍ အဆင့်အတန်းရှိကြပါရန် အနူးအညွန့်မေတ္တာရပ်ခံပါသည် ။