Tuesday, August 20, 2013

မျက်တောင်မခတ်ဘဲ ကြည့်ကြမယ်

Sexy အဖြစ်ဆုံး သရုပ်ဖော် ကပြတဲ့ အမျိုးသမီးတဦးရဲ့ အစွမ်းပါ။ မျက်တောင် တချက်တောင် မခတ်နိုင်
အောင် ကြည့်နေသူတွေ မှင်သက်ငေးမောသွားရမယ် ထင်ပါတယ်။ 



ယူကျုမှာ ကြည့်ရှုကြိမ်ပေါင်း ၂၉ သိန်း ကျော် ရှိနေပါပြီ။ ဖျော်ဖြေသူ အမျိုးသမီးရဲ့ အလှ၊ ကျွမ်းကျင်မှုတွေ က တကယ့်ကို အံ့အား သင့်စေကြမယ် ထင်လို့ ပြန်လည် မျှဝေ လိုက်တာပါ။

စာရေးဆရာ၊ ကဗျာဆရာ ဒဂုန်တာရာ ကွယ်လွန်

စာရေးဆရာ၊ ကဗျာဆရာ ဒဂုန် တာရာ ခေါ် ဦးဋ္ဌေးမြိုင် ( ၁၉၁၉-၂၀၁၃ ခုနှစ်) ဟာ ယနေ့ နေ့လယ်ပိုင်း ၁  နာရီကျော် လောက်က အောင်ပန်းမြို့နေအိမ်မှာ ကွယ်လွန်အနိစ္စ ရောက်သွားတယ်လို့ သိရပါတယ်။




ငြိမ်းချမ်းရေးသမားကြီးလို့ အများက သတ်မှတ်ထားတဲ့ စာပေပညာရှင်လည်းဖြစ် တဲ့ ဆရာ ဒဂုန်တာရာကို ၁၉၁၉ ခုနှစ် မေလ ၁၀ ရက်နေ့က ဦးဘအုန်း၊ ဒေါ်ဖွားရှင်တို့က ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ်၊ မွန်ကျေး ရွာဖြစ်တဲ့ ထိုင်ကူ မြစ်တန်းရွာမှာ မွေးဖွားခဲ့ပါတယ်။

ဆရာ ဒဂုန် တာရာရဲ့ ကလောင်အမည်ခွဲတွေကတော့ မြိုင်သဇင်၊ မောင်နန်းနွယ်၊ စောထွတ်၊ ဦးတိုး၊ မောင်လင်းထက်၊ ဗညားသီဟ၊ ဦးဒဂုန် စတာတွေ ဖြစ်ပါတယ်။

ငယ်စဉ်က ရန်ကုန်မြို့ ၇ လမ်း အောင်ဇေယျ မင်္ဂလာ မြန်မာစာသင်ကျောင်းမှာ ပညာစတင်ဆည်းပူးခဲ့တဲ့ ဆရာ ဒဂုန် တာရာဟာ ကျိုက်လတ်မြို့ အမျိုးသား ကျောင်းမှာ ၁၉၂၇ ခု နှစ် ကနေ ၁၉၃၆ ခုနှစ်ထိ လည်းကောင်း၊ ရန်ကုန်မြို့ ရေ ကျော် မက်သဒစ်ကျောင်းမှာ ၁၉၃၆ ခုနှစ်၊ ၃၇ ခုနှစ်မှာ ပညာ သင်ကြားခဲ့ ပါတယ်။


ဆရာ ဒဂုန်တာရာဟာ ၁၉၃၇ ခုနှစ်မှာ မက်ထရစ် ( ဆယ်တန်း) အောင်မြင်ခဲ့ပြီး ၁၉၃၇ ခုနှစ်မှ ၁၉၄၀ ခုနှစ်ထိ ရန်ကုန် တက္ကသိုလ်၌ ဆက်လက် ပညာသင်ကြားခဲ့ပါတယ်။

 မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ ရေနံမြေ စည်းရုံးရေး ကိုယ်စား လှယ်၊ တကသ အမှုဆောင်၊ အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ၊ မြန်မာနိုင်ငံ စာရေး ဆရာအသင်း ဥက္ကဌ တာဝန်များကိုလည်း ဆောင်ရွက်ခဲ့ ပါတယ်။

ဒီအပြင် တရုတ် - မြန်မာ မိတ်ဆွေအသင်းချုပ်၊ ဆိုဗိယက်-မြန်မာ ယဉ်ကျေးမှုနှင့် မိတ်ဆွေ အသင်းချုပ်၊ ကမ္ဘာ့ ငြိမ်း ချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) အမြဲတမ်း ကော်မတီတွေမှာလည်း ထမ်းဆောင် ခဲ့ပြီး မြန်မာနိုင်ငံကဗျာဆရာများ သမဂ္ဂ ဥက္ကဋ္ဌတာဝန်ကိုလည်း ယူခဲ့ပါတယ်။

၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီ လထုတ် တက္ကသိုလ် သိပ္ပံ မဂ္ဂဇင်းတွင် မြိုင်သဇင် ကလောင် အမည်ဖြင့် မှုံပြာရီ ဝတ္ထုကို စတင် ရေးသားခဲ့ပြီးနောက် ဒဂုန်တာရာ အမည်ကို ခံယူခဲ့တာပါ။

၁၉၄၆ ခုနှစ်မှာ တာရာ မဂ္ဂဇင်းကို စတင် ထုတ်ဝေ ခဲ့ပြီး နောက်ပိုင်း ကလောင်အမျိုးမျိုးနဲ့ စာပေဝေဖန်ရေး
တွေလည်း ရေးသားခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်က ၀တ္တုတိုပေါင်းချုပ်ဆု ရရှိခဲ့ပြီး ၂၀၀၁ ခုနှစ်ကလည်း ပခုက္ကူ ဦးအုန်းဖေ တသက်တာ စာပေဆုလည်း ရရှိခဲ့ပါတယ်။

ဆရာ ဒဂုန်တာရာ ရေးသားခဲ့သည့် စာအုပ်များမှာ


  1. ကြာပန်းရေစင် - ၁၉၆၃ ခုနှစ်
  2. ကြာရိပ်ပန်းနု - ၁၉၉၃ ခုနှစ်
  3. စံပယ်ဦး - ၁၉၆၁ ခုနှစ်
  4. စာလုံး၊ ဆေးစက်၊ စောင်းကြိုးနှင့် ကတ္တီပါ ကားလိပ် - ၁၉၇၄ ခုနှစ်
  5. စာပေ သဘော တရား၊ စာပေ ဝေဖန်ရေး၊ စာပေ လှုပ်ရှားမှု - ၁၉၇၆ ခုနှစ်
  6. စန္ဒရား ဆရာ သို့မဟုတ် မဟာ အချစ် - ၁၉၉၅ ခုနှစ်
  7. စိမ်းမြ ဧရာ - ၁၉၉၄ ခုနှစ်
  8. တရုတ် - မြန်မာ မိတ်ဆွေဖြစ် အသင်း
  9. ဒဂုန်တာရာနှင့် သူ၏ ကဗျာ - ၁၉၆၇ ခုနှစ်
  10. ဒဂုန် တာရာ ဝတ္ထုတို ပေါင်းချုပ် - ၁၉၆၉ ခုနှစ်
  11. ဒဂုန် တာရာ၏ ဒဂုန်တာရာ - ၁၉၅ဝ ပြည့်နှစ်
  12. တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ - ၁၉၇၉ ခုနှစ်
  13. ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ - ၁၉၉၇ ခုနှစ်
  14. မာယာ - ၁၉၉၁ ခုနှစ်
  15. မူးယစ်ဝေသော နွေဦးညများ - ၁၉၆၈ ခုနှစ်
  16. မေ - ၁၉၇၄ ခုနှစ်
  17. ရုပ်ပုံလွှာ - ၁၉၅၅ ခုနှစ်
  18. လရောင် ရွှန်းမြသော ညတည - ၁၉၆၄ ခုနှစ်
  19. လရောင် ရွှန်းမြသော ညတညနှင့် အခြား ဝတ္ထုရှည် - ၁၉၉၅ ခုနှစ်
  20. သဇင် သင်းပြန်တော့ - ၁၉၇၄ ခုနှစ်
  21. သုနာပရန္ဈ - ၁၉၉၅ ခုနှစ်
  22. အလင်္ကာ ကဗျာ ပေါင်းချုပ် - ၁၉၆၂ ခုနှစ်
  23. အိပ်မက် အပြင်ကလူ - ၁၉၉၆ ခုနှစ်
  24. အယ်ဒီတာ စားပွဲ၊ စာပေ အနုပညာ ဝေဖန်ရေးနှင့် ပန်နုရောင်အို - ၁၉၇၁ ခုနှစ်
  25. ဧရာဝတီ ယန်စီ ဗော်လဂါ - ၁၉၇၂ ခုနှစ်



အိမ့်သံစဉ် ~

ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မေမြို့မှာ ဘာတွေ ပြောသွားလဲ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သြဂုတ်လ ၁၇ ရက်နေ့က မေမြို့ရှိ စစ်တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမမှာ သင်တန်းသား အရာရှိတွေ၊ မေမြို့ တပ်နယ်က အရာရှိတွေ ကို 
တွေ့ဆုံကာ မိန့်ခွန်း တရပ်ပြောခဲ့ပါတယ်။ 


 ၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် ကာကွယ်ရေဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောနေစဉ် (ဓာတ်ပုံ – မြဝတီ) 

ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘာတွေ ပြောခဲ့သလဲ ဆိုတာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက အခုလို တင်ပြသွားပါတယ်။

စစ်ခေါင်းဆောင်များ ရောင့်ရဲကြရန် ကာချုပ် ပြောပြီ

စစ်ခေါင်းဆောင်များ ရောင့်ရဲကြဖို့ ကာချုပ် ပြောလိုက်ပါပြီ။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စနေနေ့မှာ    ပြင်ဦးလွင် တပ်နယ် အရာရှိများ၊ သင်တန်းသား အရာရှိများနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာဖြစ်တယ် လို့ သိရပါတယ်။
 



ဒီမိန့်ခွန်းနဲ့ ပတ်သက်တဲ့ သတင်းကိုလည်း နောက်တနေ့ အစိုးရသတင်းစာများမှာ ဖော်ပြကြပါတယ်။

တပ်ထဲမှာ ဘယ်စစ်အရာရှိတွေက ရောင့်ရဲမှု အားနည်းနေလို့ ဒီလိုပြောလိုက်တယ် ဆိုတာတော့ မသိရသေးပါဘူး။

လက်အောက်ကို အလိုလိုက်ခြင်းဖြင့် အုပ်ချုပ်မှု ပြဿနာများ ဖြစ်ပွားလာနိုင်တယ် လို့လည်း မိန့်ခွန်းထဲ ထည့်ပြောထားပါတယ် တဲ့။
စစ်တပ်အတွင်း လက်အောက်ငယ်သားတွေ အရာရှိတွေ  တခုခု ဖြစ်နေလို့ ဒီလို မိန့်ကြားတာများလား ဆိုတာ အတွေးပွားစရာပါ။

အစိုးရသတင်းစာမှာ တွေ့ရတာကိုပဲ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။


တပ်မတော်သားများသည် မိမိတို့ သဘောဆန္ဒအလျောက် တပ်မတော်သို့ ၀င်ရောက်တာဝန်ထမ်းဆောင်ကြသူများ ဖြစ်ပြီး ပင်ကိုယ်စိတ်ဓာတ် ကောင်းမွန်မှုကြောင့်
ပေးအပ်လာသော တာဝန်ကို မည်သည့်နေရာ ဒေသတွက်မဆို အချိန်မရွေး ကျေပွန်စွာ ထမ်းဆောင်နိုင်ကြသူများ ဖြစ်ကြောင်း၊
စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ အနေဖြင့် ရောင့်ရဲ တင်းတိမ်စိတ် အမြဲမွေးမြူထားကြ စေလိုကြောင်း၊
ရိုးရိုးသားသား ကြိုးကြိုးစားစားဖြင့်
မိမိ၏ လုပ်ငန်းတာဝန် အပေါ် စေတနာထား လုပ်ကိုင်သွားကြစေလိုကြောင်း၊
အလုပ်လုပ်ရတွင် မြင်နိုင်သော၊ လက်လှမ်းမီနိုင်သော ရည်မှန်းချက် ပန်းတိုင်ထားရှိပြီး ရည်မှန်းချက်ပန်းတိုက်သို့ ရောက်စေရေး အစီအမံ ပြုလုပ်ကာ
လက်တွေ့ အကောင်းအထည်ဖော် ကြိုးစားအားထုတ်၍ အောင်မြင်အောင် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊
လက်အောက်ကို အလိုလိုက်ခြင်းဖြင့် အုပ်ချုပ်မှု ပြဿနာများ ဖြစ်ပွားလာနိုင်၍ လက်အောက်ကို အလိုမလိုက်ဘဲ သတ်မှတ်စည်းကမ်းနှင့် အညီ ထိန်းသိမ်းသွားကြစေလိုကြောင်း၊
သို့မှာသာ အုပ်ချုပ်မှု ပြဿနာများ လျော့နည်းလာနိုင်မည် ဖြစ်ကြောင်း၊
အုပ်ချုပ်မှု ကိစ္စနှင့် ပတ်သက်၍ မှန်မှန်ကန်ကန်နှင့် နည်းလမ်းတကျ ဆောင်ရွက်သွားကြစေလိုကြောင်း၊
မိမိကွပ်ကဲ အုပ်ချုပ်ရသူများအပေါ် မျှတသော စိတ်ဖြင့် အမြဲတွေးခေါ်၍ ကိုယ်ချင်းစာတရားဖြင့် ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ပေးသွားကြရန် လိုသည့်အပြင် ဥပဒေကို သိရှိနားလည်လိုက်နာပြီး စည်းကမ်းရှိကြရန် လိုကြောင်း

အရပ်အမြင့်ဆုံး ထိုင်းအမျိုးသမီး



ထိုင်းနိုင်ငံက အမျိုးသမီးငယ်တဦးက အရပ် ၆ ပေ ၁၀ လက်မ ရှိပါတယ်။

ဒီလို အရပ် အင်မတန်မြင့်ပြီး ကြီးထွားလာတာဟာ ဦးနှောက်မှာ နာ့ဗ်ကြောတခုကို ဖိမိနေတဲ့ အကြိတ်ကြောင့် ဟိုမုန်းမညီမျှမှုကနေ ဖြစ်ပေါ်လာတာလို့ ဆိုပါတယ်။

ဆရာဝန်တွေက သူ ဆက်လက် ကြီးထွားမလာအောင် ထိုးဆေးနဲ့ ကုသမှုပေးတယ်၊ ကုန်ကျစရိတ်ကတော့ ကြောက်စရာပါပဲ တဲ့။
သုံးလတကြိမ် ဆေးထိုးတိုင်း ဒေါ်လာ သုံးထောင်ဝန်းကျင် ကုန်ကျတယ်လို့ ဆိုတယ်။

ကိုယ်ခန္ဓာကြီးထွားတဲ့အတွက် ထိုင်ရာက ထရင် တခါတလေ အကူအညီလိုတယ်လို့ ဆိုပါတယ်။


အင်္ဂါနေ့က အွန်လိုင်းရောက်လာတဲ့ ပုံတပုံမှာတော့ သူ့ကို မွန်တိုင်းရင်းသူဝတ်စုံနဲ့ တွေ့ရပါတယ်။
ပုံကို https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicaCnQzrYM6ugIyJeHi7cume6e7aUr8pLRdUjVXRMwTvnT9Og0TFWPJlZ0whGW0hbumLSYCOvzGHXcJFmJXv2M7KC4a5uR5NR_zXLdg3BKP_Rz8oTkmsYs7vKWZEBrCPqAD5Ehpn-lRdM6/s1600/C000542.jpg
မှာ ကြည့်ပါ။ ကမ္ဘောဒီးယား-ထိုင်း နယ်စပ်က မွန်တိုင်းရင်းသားဒေသမှာ ရိုက်ကူးထားတဲ့ပုံလို့ သိရပါတယ်။

တခြားနိုင်ငံတွေမှာလည်း ဒီလို အဆမတန် အရပ်မြင့်သူတွေ ရှိနေပါတယ်။

www.tallwomen.org
www.oddee.com
www.nairaland.com
http://toptenplus.com/top-10-tallest-women-in-the-world တို့မှာ တွေ့ရတဲ့ ဓာတ်ပုံတွေကို ကူးယူ ဖော်ပြလိုက်ပါတယ်။



















အရပ်ရှည်လွန်းတဲ့သူ စင်္ကာပူမှာ ကုသမှုခံယူ

မြန်မာပြည်သားများထဲမှာ အရပ်အမြင့်ဆုံးလို့ ယူဆရတဲ့ ကိုဝင်းဇော်ဦးက ၈ ပေ နီးပါး မြင့်ပါတယ်။

 သူ့အရပ် ၇ ပေ ၈ လက်မ မြင့်ပါတယ် တဲ့ အစိုးရသတင်းစာမှာ ရေးထားပါတယ်။ 
 




မြန်မာပြည်အတိုင်းအတာနဲ့ ဆိုရင် သူက တပါးသူထက် ခေါင်းတလုံးမက ပိုပြီး မြင့်သူပေါ့။
သူက ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇာတိဖြစ်တဲ့ နတ်မောက်မြို့က ဖြစ်ပါတယ်။

အသက် ၃၈ နှစ် ရှိပြီ၊ ထုံးပေါက်ချိုင်းကျေးရွာမှာ မိဘများနဲ့ အတူနေတယ်၊ နှမ သုံးယောက် ရှိတယ်၊ ကိုဝင်းဇော်ဦးတယောက်တည်းပဲ ထူးထူးခြားခြားအရပ်ရှည်နေတာလို့ ဆိုပါတယ်။

ခန္ဓာကိုယ်အစိတ်အပိုင်း အလွန်အမင်း ကြီးထွားတဲ့ ရောဂါရှိတယ်လို့ ယူဆရတဲ့အတွက် အခုတော့ သူ   စင်ကာပူနိုင်ငံမှာ သွားရောက်ကုသမှု ခံယူနေပါပြီ။

 မြန်မာနဲ့စင်္ကာပူက အလှူရှင်တွေရဲ့ အကူအညီနဲ့ ဆေးသွားကုတာပါလို့ AFP သတင်းတပုဒ်မှာ ရေးထားတာ တွေ့ရပါတယ်။

ကုသမှုအခြေအနေ ဘယ်လောက်အထိ ဖြစ်ထွန်းမှု ရှိတယ်ဆိုတဲ့ သတင်းတွေ ရရင် ထပ်မံ ရေးသား ဖော်ပြပေးပါမယ်။

ကိုညီညီလွင်နဲ့ သူ့မိသားစု အဆက်အသွယ်ပြန်ရပြီ

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုညီညီလွင် (ဦးဂမ္ဘီရအဖြစ် ထင်ရှားခဲ့သူ) နဲ့ အဆက်အသွယ် ပြန်လည် ရရှိကြောင်း မိတ္ထီလာမှာ နေတဲ့ သူ့မိသားစုဝင်တဦးက ဧရာဝတီကို အင်္ဂါနေ့ ညပိုင်းမှာ ပြောကြားပါတယ်။


ကိုညီညီလွင်နဲ့ ရက်အနည်းငယ် အဆက်အသွယ် ပြတ်သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အသေးစိတ်ကိုတော့ ပြောကြားခြင်း မရှိပါဘူး။

အထက်ပါပုံကတော့ ဒီလလယ်ပိုင်းက ကိုညီညီလွင်ရဲ့ မိသားစုဝင်တဦး မိတ္ထီလာမြို့
နေအိမ်ရှေ့မှာ ဆွမ်းလောင်းနေပုံဖြစ်ပါတယ်။

ရွှေဝါရောင် သူရဲကောင်း အရှင် ဂမ္ဘီရတဖြစ်လဲ ကိုညီညီလွင် လက်ထပ်လိုက်ပြီ

ရွှေဝါရောင် သူရဲကောင်းကြီး အရှင် ဂမ္ဘီရ တဖြစ်လဲ ကိုညီညီလွင်တယောက်တော့ အခု စွံသွားပါပြီ။ အကြောင်းက တော့ ကိုညီညီလွင်ဟာ အင်တာနက်ကနေ ချစ်သူဘ၀ ရောက်လာခဲ့ကြတဲ့ သြစီသူ တဦးနဲ့ မြန်မာ့ ဓလေ့ ထုံးတမ်း စဉ်လာနဲ့ အညီ လက်ထပ်လိုက်တာပါ။ 


အသစ်စက်စက် ဇနီးမောင်နှံတွေဖြစ်တဲ့ ကိုညီညီလွင်နဲ့ မစ္စ မာရီယာ ဖရန့်စ်၊ 
ဓာတ်ပုံ- ဦးသိန်းသန်းဦး

ဒါပေမယ့် ရွှေဝါရောင် သူရဲကောင်းမှာ လက်ထပ်တာတောင် အဆင်မချောခဲ့ရပါဘူး။ 

သြဂုတ်လ ၁ ရက်နေ့ က ကိုညီညီလွင်ဟာ ချစ်သူဖြစ်တဲ့ သြစတြေးလျနိုင်ငံသူ မစ္စ မာရီယာဖရန့်စ် ( Ms. Maria France) နဲ့ အတူ မနက် ၁၁ နာရီလောက်က တရား လွှတ်တော် ရှေ့နေ ဒေါ်ဟန်စုယဉ်ရဲ့ အကူ အညီနဲ့ မန္တလေးက ခရိုင်တရားရုံး ကို ရောက်လာတယ်လို့ မန္တလေးက ရှေ့နေ ဦးသိန်းသန်းဦးက ဧရာဝတီကို ပြောပါတယ်။ 

ဒါပေမယ့် ကိုညီညီလွင်နဲ့ ဇနီးဖြစ်သူ မစ္စ မာရီယာဖရန့်စ်တို့ရဲ့ တရားရုံးတက် လက်မှတ်ထိုးမှုကို မန္တလေး ခရိုင်တရားရုံးက လက်မခံ ပယ်ချလိုက်တယ်လို့ သိရပါတယ်။ “လက်ထပ်ဖို့ မန္တလေး ခရိုင်တရားရုံးမှာ ကျနော်တို့ ကြိုးစားတာ မအောင်မြင်ပါဘူး” လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။ 

ရွှေဝါရောင် သူရဲကောင်း အရှင်ဂမ္ဘီရ တဖြစ်လဲ ကိုညီညီလွင့်ရဲ့ ဇနီးလောင်း မစ္စ မာရီယာ ဖရန့်စ်က ဗုဒ္ဓဘာသာဖြစ်နေ တာကြောင့် အဲဒီ မန်းခရိုင်တရားရုံးဝန်းထဲက ရှေ့နေ ဒေါ်ရွက်နုအောင်ရဲ့ ရုံးခန်းမှာပဲ ဗုဒ္ဓဘာသာ ထုံးထမ်းစဉ်လာအရ သက်သေ ၂ ဦး ရှေ့မှာ လက်မှတ်ရေးထိုးပြီး လက်ထပ်လိုက်ကြတယ်လို့ ဦးသိန်းသန်းဦးက ပြောပါတယ်။ 

အဲဒီ မင်္ဂလာ လက်ထပ်ပွဲလေးမှာ ဦးသိန်းသန်းဦးက မင်္ဂလာစကားကို မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာနဲ့ ပြော
ပေးခဲ့ရတာဖြစ်ပြီး ရွှေဝါရောင် သူရဲကောင်း အသစ်စက်စက် ဇနီးမောင်နှံတို့ရဲ့ မင်္ဂလာဦးအဖြစ် ကော်ဖီနဲ့ ဧည့်ခံခဲ့ကြပါတယ်တဲ့။ 

မစ္စ မာရီယာဖရန့်စ်ဟာ Web Designer တဦးလည်းဖြစ်သလို လူ့အခွင့်အရေး လှုပ်ရှားသူတဦးလည်း ဖြစ်ပါ တယ်။

အိမ့်သံစဉ် ~

အရှင် ဂမ္ဘီရ တဖြစ်လဲ ကိုညီညီလွင် ဘယ်ပျောက်နေလဲ

၂၀၀၇ ရွှေဝါရောင် သူရဲကောင်း အရှင် ဂမ္ဘီရ တဖြစ်လဲ ကိုညီညီလွင်ဟာ ပျောက်ဆုံးနေလို့ ညီမ ဖြစ်သူ မလွင်လွင်မြင့်က အရှင် ဂမ္ဘီရရဲ့ ဖေ့စ်ဘုတ် စာမျက်နှာက တဆင့် ရေးသား ဖော်ပြထားပါတယ်။ 


အရှင် ဂမ္ဘီရ တဖြစ်လဲ ကိုညီညီလွင်၊ ဓာတ်ပုံ- ကိုညီညီလွင်ဖေ့စ်ဘုတ်


မလွင်လွင်မြင့်ရဲ့ စာပါအတိုင်း ကိုညီညီလွင်ရဲ့ လက်ကိုင်ဖုန်းကို ဧရာဝတီက ဆက်သွယ်ခဲ့ပေမယ့် ဘယ်လို မှ ဆက်သွယ်လို့ မရဖြစ်နေပါတယ်။ 
အခုတော့ မလွင်လွင်မြင့်ရဲ့ စာကို မူရင်း အတိုင်း ပြန်လည် ဖော်ပြပေး လိုက်ပါတယ်။ 

ဦးဂမ္ဘီရ ခေါ် ကိုညီညီလွင် ကိုချစ်ခင်လေးစားကြသူအပေါင်းကို ကျေးဇူးတင်ပါတယ်ရှင်။ ကျမက ကိုညီညီလွင် ရဲ့ အမအငယ် မလွင်လွင်မြင့်ပါ။ 

ကိုညီညီလွင်အနေနဲ့ ထောင်ထဲက ရလာတဲ့ စိတ်ခံစားချက်၊ ထောင်ဆရာဝန်က ဘာမှန်း မသိကျွေးလိုက်၊ 
ဆေးထိုး လိုက်တာတွေရှိခဲ့တဲ့အတွက် ဆေးကုသပေးဖို့ လိုအပ်နေပါတယ်။ 

ဦးဂမ္ဘီရဟာ ပုံမှန်အနေအထားကိုပြန်ရောက်ဖို့အတွက် ဆေးကုသဖို့လိုအပ်နေပါသေးတယ်။ ဆေးကုသဖို့
လိုနေတာမို့ နိုင်ငံအတွက် လုပ်ဆောင်ရမယ့် တာဝန်တွေကိုလဲ ဆက်ပြီးဆောင်ရွက်နိုင်ခြင်းမရှိသေး တာပါ။ 

ဒီလိုဆေးကုသဖို့လိုအပ်တဲ့နေရာမှာ ဂျပန်ရောက်မြန်မာများနဲ့ ယုယုကိုတို့ကလဲ ဂျပန်နိုင်ငံကိုလာပြီး 
ဆေး ကု သဖို့ဖိတ်ခေါ်ခဲ့သလို အမေရိကမှာနေထိုင်တဲ့ အဲရစ်က နဲ့ ဗမာအများစုကလဲ အမေရိကကို
ဆေးကုသဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ 

ဒါပေမယ့် ကိုညီညီလွင်က ရန်ကုန်မှာနေစဉ် တည်းက သူ့ကိုကုသခဲ့ဖူးတဲ့ ဒေါက်တာနော်ရာနဲ့ပဲ ကုလက်စ ဖြစ်နေတဲ့ အတွက် အမေရိကမှာပဲ ဆေးကုသမှုခံယူဖို့ရွေးချယ်ခဲ့ပါတယ်။ 

အမေရိကကိုဆေးကုသမှုခံယူဖို့ သိပ်မကြာခင်မှာ ထွက်ခွာဖို့ရှိပါတယ်။ 

ကိုညီညီလွင်ဟာ သြစတြေးလျနိုင်ငံသူ marie နဲ့လဲလက်ထပ်ခဲ့ပါတယ်။ marie ဟာ လက်ထပ်ပြီး သိပ်မကြာ ခင်မှာ ထိုင်းနိုင်ငံကိုခဏပြန်သွားပါတယ်။ သူတို့နှစ်ဦးလက်ထပ်ခဲ့တာကို မိသားစုဝင်တွေ တယောက်မှမသိခဲ့ပါဘူး။ အသိပေးခြင်းလည်းမရှိပါဘူး။ 

သူတို့လက်ထပ်တဲ့သတင်းကို ဖေ့စ်ဘွတ်ပေါ်မှာတွေ့မှသာ မိသားစုဝင်တွေကသိရတာပါ။ ကိုညီညီလွင်ဆီ ကို ဖုန်းဆက်မေးတော့မှ ဟုတ်မှန်တယ်လို့ အတည်ပြုပါတယ်။ 

ဒါပေမယ့် ခုချိန်မှာတော့ marie က ကိုညီညီလွင်ကို ဆက်သွယ်တာတွေ မလုပ်တော့ပါဘူး။ 

ခုအနေအထားမှာ ကိုညီညီလွင်က အိမ်ကနေတိတ်တဆိတ်ထွက်သွားပြီး ဘယ်ရောက်နေလဲဆိုတာကို မိသားစုဝင်တွေက မသိကြရပါဘူး။ 

မနက်က ဖုန်းအဆက်အသွယ်ရပေမယ့် သူဘယ်နေရာရောက်နေတယ်ဆိုတာကို အတိအကျမပြောပြတဲ့ အတွက် မိသားစုအားလုံးက သောကရောက်နေကြပါတယ်။ 

တကယ်တော့ ဆေးကုဖို့လိုအပ်နေတဲ့ လူတယောက်ဟာ အနားမှာ မိသားစုဝင် တစုံတယောက်မှ မရှိရင် စိတ်မချရပါဘူး။ 

ကိုညီညီလွင်ကိုဆက်သွယ်လို့ရတဲ့ ဖုန်းနံပါတ်က ၀၉-၄၀၂၅၁၇၉၂၆ ဖြစ်ပါတယ်။ ဒီစာတွေကိုအချိန်ယူပြီး ဖတ်ပေးသူတွေကိုလည်း ကျမတို့မိသားစုကကျေးဇူးတင်ပါတယ်။ 

 လေးစားစွာဖြင့် 


မလွင် 

ပဲလှော်ကြားက ဇာဂနာ

ဇာဂနာက သူဟာ ပဲလှော်ကြားကဆား ဖြစ်နေပြီလို့ ဧရာဝတီကို ပြောပါတယ်။ ဒီအကြောင်း ဧရာဝတီ မြန်မာပိုင်းစာမျက်နှာမှာ မစပ်စုက အသေးစိတ် ရေးသားထားပါတယ်။


အဲဒီသတင်းကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။ အထက်ဖော်ပြပါပုံက  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ပေးစာ ဖြစ်ပါတယ်။ ဒါရိုက်တာတယောက်ကို ကန့်သတ်တဲ့အမိန့်စာပါ။ ဒီစာ ဒီကန့်သတ်ချက်ရဲ့ နောက်ကွယ်က ဇာတ်လမ်းမှာ ဇာဂနာ၊ မင်းကိုနိုင်၊ ကြည်ဖြူသျှင် စတဲ့ စတဲ့ အထင်ကရတွေ ပါဝင်နေပါတယ်။

ကဲ ... မစပ်စု ရေးသားချက်ကို ဖတ်ကြည့်ကြပါအုံး။


ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ကို အနုပညာလုပ်ခွင့် ၃ လ ပိတ်လိုက်ပါပြီ။

တကယ်တော့ ရုပ်ရှင်အစည်းအရုံး အသစ် ဖွဲ့ပြီးတာ ၂ နှစ် မပြည့်သေးပါဘူး၊ တိတိကျကျ ပြောရရင်တော့ တနှစ်နဲ့ လေးလပဲ ရှိပါသေးတယ်။ ဒါပေမယ့် စစ်အစိုးရလက်အောက်ကလို အကျင့်ဟောင်းတွေ ပြန်ပေါ်လာပြီလားလို့ တွေးဖို့ကောင်းတဲ့ အဖြစ်အပျက်ကတော့ ပူပူနွေးနွေး ဖြစ်သွားခဲ့ပါပြီ။

စစ်အစိုးရ လက်ထက်တုန်းကတော့ သန်းဖေလေး၊ ဇာဂနာ၊ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ အရိုင်း၊ ကျော်ရဲအောင်၊ မိုက်တီးတို့ကို ပိတ်ခဲ့ဖူးပါတယ်။ အခုတော့ ထူးထူးခြားခြား အစိုးရနဲ့ ကင်ကင်းရှင်းရှင်းပါ၊ NGO စစ်စစ်ပါ ဆိုတဲ့ ရုပ်ရှင် အစည်းအရုံးကြီးက အရင်က စစ်အစိုးရလက်ထက်ကစိတ် ပြန်ပေါက်သွားပြီးလားလို့ မေးရမလိုဖြစ်နေပါပြီ။

ပိုဆိုးတာက ဒီလို ညွန့်မြန်မာ ညီညီအောင်ကို ပိတ်ပစ်ဖို့ တိုင်တာ ဇာဂနာဆိုတဲ့ သတင်း ထွက်ပေါ်နေတာပါပဲ။ ကွယ်လွန်သူ စာရေးဆရာ မင်းလူ စကား ငှားသုံးရရင် “ဘာတွေ ဖြစ်ကုန်ကြပြီလဲ” ပေါ့။ ဒါပေမယ့် မစပ်စု သဘာဝအတိုင်း မေးမြန်းကြည့်ရပါဦးမယ်။

လူရွှင်တော် ဇာဂနာကို မစပ်စုက လှမ်းပြီး စပ်စုကြည့်လိုက်တော့ “ကြံကြီးစည်ရာဗျာ ကျနော် ဘယ်သူ့ကိုမှ ဘာကိစ္စနဲ့မှ မတိုင်တတ်ပါဘူး။ တိုင်လည်း မတိုင်ဖူးပါဘူး” လို့ ဖြေလာပါတယ်။ ဒါဖြင့် ညွန့်မြန်မာ ညီညီအောင်ကို အနုပညာ လုပ်ကိုင်ခွင့် ၃ လ ပိတ်တဲ့ကိစ္စ ဦးဇာဂနာ မသိဘူးလား ဆိုတော့မှ ဇာတ်ရည် လည်ပါတော့တယ်။

“ကျနော့်ဆီ မနေ့က စာရောက်လာတယ်။ ကိုညီအောင်ကို ၃ လ ပိတ်တဲ့စာ။ ကျနော် တော်တော် အံ့အားသင့်တယ်။ ကျနော်က န၀တ လက်ထက်မှာ ၃ နှစ် တခါ၊ ၅ နှစ်တခါ၊ ရာသက်ပန် တခါ အနုပညာ လုပ်ပိုင်ခွင့် ပိတ်ပင် ခံခဲ့ရတဲ့ကောင်ပါဗျာ။ ကျနော့်လိုမျိုး ဘယ်သူ့ကိုမှ အပိတ် မခံစေချင်ပါဘူး” လို့ သူ့ ခံစားချက်ကို ပြောပြပါတယ်။

ဖြစ်စဉ်ကတော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရေးတဲ့ ဇာတ်လမ်းကို လူရွှင်တော် ဇာဂနာက ဇာတ်ညွှန်းခွဲပြီး ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ထားတဲ့ “မမပြုံး ပြုံးစမ်းပါ” ဆိုတဲ့ ဇာတ်ကားကို ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်က ပိုင်ရှင်ဆီမှာ ခွင့်မတောင်းဘဲ ရိုက်ကူးလိုက်ရာက စတယ်လို့ သိရပါတယ်။

“တကယ်က ဒီဇာတ်ကားရဲ့ မူလ ပိုင်ရှင် အစစ်အမှန်၊ ဇာတ်လမ်းရေးသူက မင်းကိုနိုင်ပါ။ ကျနော်က ဇာတ်ညွှန်း၊ ဒါရိုက်တာက ကြည်ဖြူသျှင်။ တိုင်ချင်းတိုင် မင်းကိုနိုင်က တိုင်ရမှာ။ ဘာကြောင့် ကျနော့် နာမည် အလွဲသုံးစား လုပ်ရသလဲ ကျနော် မသိဘူး။ ကိုညီအောင်က သူ ကျနော်တို့ဆီက ခွင့်မတောင်းဘဲ ဒီဇာတ်လမ်းကို ရိုက်မိပါတယ်လို့ လွန်ခဲ့တဲ့ လေးလလောက်က ကျနော်နဲ့ မင်းကိုနိုင် မန္တလေး ရောက်နေတုန်း ဖုန်းဆက် တောင်းပန်တယ်။ ကျနော်ကလည်း ရပါတယ်ဗျာ၊ ပိုင်ရှင်ဖြစ်တဲ့ မင်းကိုနိုင်ကို ပြောပေးပါ့မယ်လို့ ပြောလိုက်တယ်။ သူကလည်း ကားရိုက်တာ ခဏ ရပ်ထားမယ်လို့ ပြောတယ်။ ဖြစ်ချင်တော့ ဒီဇာတ်လမ်းကို ကြည်ဖြူသျှင်က မင်းကိုနိုင်ဆီကနေ ၀ယ်ပြီး ဗီဒီယို ရိုက်ပြီးနေပြီ။ ဒီတော့ ကိုညီအောင်ကို ခဏစောင့်ပါ၊ ကြည်ဖြူသျှင်ရဲ့ကား ထွက်ပြီးတော့မှ ဆက်လုပ်ပေါ့လို့ ပြောလိုက်တယ်။ ဒါလည်း အစည်းအရုံးက ချထားတဲ့ မူပဲလေ။ အခုတော့မှ ကျနော်က တိုင်လို့ ဆိုတာတော့ ဘယ်ကောင်းပါ့မလဲ။ ကျနော် ဘယ်သူ့ကိုမှ မတိုင်ဘူး။ ကိုညီအောင်က ဇူလိုင် ၂၇ ရက်နေ့ ငြိမ်းချမ်းရေးပွဲတော် လုပ်တုန်းကတောင် သူ့အနေနဲ့ ခွင့်မတောင်းဘဲ လုပ်ခဲ့မိတာ တောင်းပန်တယ်” လို့ ဆိုပါတယ်။

ဒါနဲ့ မစပ်စုလည်း ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ကို မေးကြည့်မိပါတယ်။ သူ့အဆိုအရတော့ ဒီကားက နှစ်ခါ ရိုက်ထား ပြီးသား၊ ပထမ တခါက ဒွေးနဲ့ ထွန်းအိန္ဒြာဗို သရုပ်ဆောင်တယ်၊ ဒုတိယ တခါကတော့ သူရိုက်ပြီး ထွန်းထွန်းနဲ့ နန္ဒာလှိုင် သရုပ်ဆောင်တယ်လို့ သိရပါတယ်။

“ကျနော် ရိုက်တုန်းက မင်းကိုနိုင် ဆီကနေ ကျပ်တသိန်းနဲ့ ၀ယ်ရိုက်တာ။ ကိုဇာဂနာ ၀ယ်ပေးတာ။ ကျနော့် ကားမှာ ဇာတ်လမ်း ပေါ်ဦးထွန်းလို့ စာတန်းထိုး ဖော်ပြခဲ့ပါတယ်။ မင်းကိုနိုင်လို့ မဖော်ခဲ့ရတာ ခွင့်မပြုလို့ပါ၊ ဒီတုန်းက ၂၀၀၆ ခုနှစ်လေ။ အခု ဟိန်းဝေယံနဲ့ ရိုက်ဖို့ ဇာတ်လမ်းစိတ်ကြိုက် ရှာတာမတွေ့တော့ ဒီကားဟောင်းလေး ပြန်ရိုက်မယ်၊ လူတွေလည်း မေ့လောက်ပြီ။ ဦးသူရနဲ့ ကျနော်နဲ့က ညီအစ်ကိုလို ခင်နေတော့ နောက်မှ ခွင့်တောင်းတော့မယ် ဆိုပြီး ရိုက်လိုက်တာ။ ဖြစ်ချင်တော့ ကြည်ဖြူသျှင်က ကိုမင်းကိုနိုင်ဆီက ၀ယ်ပြီးသား၊ ရိုက်ပြီးသား ဖြစ်နေတယ်” လို့ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်က ပြောပါတယ်။

စာရေးသူ ကာယကံရှင်ကလည်း ကျေနပ်တယ်၊ ဇာတ်ညွှန်းဆရာကလည်း ဘာမှမပြောဘူး၊ ပြောခွင့်လည်း မရှိဘူး။ ဒါရိုက်တာ ကိုယ်တိုင်ကလည်း ရှေ့ကားပြီးမှ နောက်ကား လိုက်ပါ့မယ်၊ ကျော်မတက်ပါဘူး ဆိုထားရက်နဲ့ ဘာကြောင့် ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ကို ပိတ်ရတာလဲ ဆိုတာကိုတော့ ဒါရိုက်တာက သူ မသိကြောင်းဘဲ ပြောရင်း ရယ်ပါတယ်။

လူရွှင်တော် ဇာဂနာ ကတော့ “ကျနော် မကျေနပ်တာ ဒါပဲ။ ကျနော်က တိုင်လို့လည်း မရဘူး၊ တိုင်ခွင့်လည်း မရှိဘူး။ ဆိုင်လည်း မဆိုင်ဘူး၊ ဒါကို ကျနော့်နာမည် အလွဲသုံးစား လုပ်တာ မကြိုက်ဘူး။ ဒီလို ပိတ်တာ ဆို့တာ အရွံမုန်းဆုံးပဲ။ ပိတ်တာ (ပြိတ္တာ) အစည်းအရုံး ဖြစ်နေပြီ။ ဒီစနစ်မကြိုက်လို့ ကျနော်ကိုယ်တိုင် တိုက်ခဲ့ပါတယ်၊ ဘီလူးသတ်တဲ့ မင်းသားက ဘီလူး ဖြစ်သွားတာကိုးဗျာ” လို့ ဆိုလာပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌ ဦးလူမင်းရော၊ ဒု ဥက္ကဋ္ဌ ဦးအေးကြူလေးကိုပါ ဖုန်းနဲ့ ဆက်သွယ် မေးမြန်း ခဲ့ပေမယ့် အစည်းအရုံးသာ လာခဲ့ဖို့ပြောနေတော့ မစပ်စုကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကနေ လှမ်းပြီး ဆက်သွယ် ရတဲ့သူ ဖြစ်နေတာကြောင့် မေးမြန်းလို့ ရသမျှနဲ့ပဲ တင်းတိမ်ကျေနပ်လိုက်ရပါတယ်။

ဒါပေမယ့် အခုလို ပိတ်တာဆို့တာတွေ လုပ်နေတဲ့ ကိစ္စ၊ ဦးဇာဂနာက တိုင်ကြားတယ်လို့ သတင်းထွက်ပေါ် နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ လူရွှင်တော် ဇာဂနာ ကိုယ်တိုင် အစည်းအရုံးဆီ မေးမြန်းဆက်သွယ်တယ်လို့ သိရပါတယ်။

“ကျနော် ဖုန်းဆက် ကြည့်ပါတယ်။ ကိုလူမင်းက နေပြည်တော် ရောက်နေလို့ သူမသိဘူး တဲ့၊ အခုမှ ရုံးကို သွားနေတာတဲ့၊ မေးပြီး အကြောင်းပြန်ပါ့မယ် တဲ့။ ဦးအေးကြူလေး ကတော့ ဒါရိုက်တာ ကိုယ်တိုင်က လာပိတ်ခိုင်းတာပါ၊ မာန်ထက်ချီ ထုတ်လုပ်ရေး ပိုင်ရှင် ဦးဝင်းကို (သရုပ်ဆောင် ဟိန်းဝေယံရဲ့ အဖေ) က ကြည်ဖြူသျှင်ရဲ့ ကားထက် စောပြီး ထွက်ချင်တယ်လို့ တင်ပြလာတယ် တဲ့။ ဒါနဲ့ပဲ ညွန့်မြန်မာ ညီညီအောင်ရဲ့ ကားကို စောထွက်လို့မရအောင် ဒါရိုက်တာကို အနုပညာ လုပ်ကိုင်ခွင့် သုံးလ ပိတ်လိုက်ရတာတဲ့ဗျာ။ ကျနော့် အဖြစ်ကတော့ ပဲလှော်ကြား ဆားညပ်တာပေါ့ဗျာ” လို့ ဇာဂနာက မစပ်စုကို ပြောပြခဲ့ပါတယ်။

နိုင်ငံတကာမယ်ပြိုင်ပွဲရောက်နေတဲ့ မြန်မာမော်ဒယ်

၁၉ နှစ်အရွယ် မော်ဒယ် ခင်ဝင့်ဝါ ဘယ်လာရုစ်နိုင်ငံရောက်နေပါပြီ။
အဲဒီမှာ လုပ်မယ့် ငါးကြိမ်မြောက် Miss Supranational  ပြိုင်ပွဲကြီးအတွက် ရောက်နေတာပါ။

ပြိုင်ပွဲကျင်းပသူတွေက သူ့ကို Miss Supranational Myanmar 2013 အဖြစ် ရွေးထားပါတယ်။
တခြားနိုင်ငံက အလှအပပေါင်း ၈၀ ကျော်နဲ့ အပြိုင်ကြဲရပါတော့မယ်။
 
(မနက်ခင်းစာ မစားခင် ကိုယ့်ကိုယ်ကိုယ် မှတ်တမ်းတင်နေတဲ့ မော်ဒယ်)

ခင်ဝင့်ဝါက အဝေးသင်တက္ကသိုလ်မှာ ရုက္ခဗေဒ ဘာသာရပ် သင်ယူနေတဲ့ တတိယနှစ်ကျောင်းသူဖြစ်ပါတယ်။

သူ့အရပ် ၁၇၃ စင်တီမီတာ ရှိတယ်လို့  ပြိုင်ပွဲဝက်ဆိုက်မှာ ရေးထားပါတယ်။ ၅ ပေ ၈ လက်မ မြင့်သူပါ။
လာမယ့်ရက်တွေမှာ ဘယ်လာရုစ်ရောက် ခင်ဝင့်ဝါအကြောင်း ထပ်မံ ရေးသားပါဦးမယ်။


(
ပြည်ပက အလှမယ်တဦးနဲ့)
 


(အခန်းဖော်က အင်ဒိုနီးရှားမယ်လို့ ဆိုပါတယ်)

"ရှင်ဘယ်နေရာရောက်နေတုန်း၊ ရှင့်ကို စောင့်နေတယ်" - နန်းခင်ဇေယျာ

လွန်ခဲ့တဲ့ မိနစ်ပိုင်းကပဲ အချိန်တိုအတွင်း အင်တာနက်သုံးစွဲသူ မြန်မာတွေရဲ့ အားပေးမှုနဲ့ နာမည်ကြီး လာရင်း သရုပ်ဆောင်၊ ကြော်ငြာ မင်းသမီး ဖြစ်လာသူ နန်းခင်ဇေယျာက သူ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဓာတ်ပုံ ၂ ပုံနဲ့တကွ  စာသားတချို့ကို ရေးသားထားပါတယ်။ 



"ရှင် ဘယ်နေရာ ရောက်နေတုန်း၊ ရှင့်ကို စောင့်နေတယ်" ဆိုပြီး နန်းခင်ဇေယျာက မင်္ဂလာ သတို့သမီး ၀တ်စုံနဲ့ တကိုယ်တည်း စောင့်ဆိုင်းနေပုံကို သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ တင်ထားပါတယ်။



နန်းခင်ဇေယျာက ချစ်သူ မရှိလို့လား၊ ချစ်သူ ရှိရဲ့နဲ့ အဲဒီချစ်သူကို ရည်ညွှန်းပြောဆိုတာလား ဆိုတာတော့ သူ့ ရဲ့ ရေးသား ဖော်ပြချက်က မရှင်းလင်းပါဘူး။


သူတင်ထားတဲ့ ပို့စ် အောက်မှာ တချို့ ကွန်မန့်တွေမှာလည်း မင်းအတွက် အဆင်သင့်ရှိတယ်တို့ ၊ ဘာတို့ ရေး ထားတာတွေလည်း တွေ့ရသလို ငါကတော့ အမေရိကန် ပြည်ထောင်စုမှာမို့ နောက်ကျမယ်လို့ ရေးထားတာ လည်း ရှိလေရဲ့။ 
ဘာမှ မရည်ရွယ်ပဲ အပျော်သဘောနဲ့ နောက်တာပါလို့ နန်းခင်ဇေယျာက တင်ထားတာဆိုရင်တော့ မျှော်လင့်နေ သူ မောင်မောင်၊ ကိုကိုတွေလည်း ရင်ကျိုးရမယ် ထင်ပါရဲ့။ 
အိမ့်သံစဉ် ~  

ဆိုတေး သတိပြန်လည်ပြီ

တေးသံရှင် ဆိုတေး (ဓာတ်ပုံ – ဆိုတေး Facebook / Ytalk)
တေးသံရှင်ဆိုတေး သတိရလာပြီ ဆိုပေမယ့် သူနဲ့အတူ ယာဉ်မတော်တဆမှုမှာ ပါဝင်ခဲ့တဲ့ သူချစ်သူ ချောချော သေဆုံးမှုကို မသိသေးဘူးလို့ ဆိုတေးရဲ့ အဒေါ် ဒေါ်ချို ဆီက သိရပါတယ်။
“ချောချော သေဆုံးတဲ့ ကိစ္စကို ပြောဖို့လောက် အထိ သတိမရသေးဘူး။ စကားလည်း မပြောနိုင်သေးဘူး။ သတိကလည်း အကောင်းကြီး မဟုတ်သေးဘူး။ အန်တီတို့ ပြောတာကို ခေါင်းခါတယ်၊ ခေါင်းညိတ်တာ လောက်ပဲ ရှိတယ်။ သေချာ မသိ သေးဘူး။ ဒီကိစ္စ ကိုလည်း ကောင်းကောင်းကြီး သတိမရသေးတော့ ပြောလို့မရသေး ဘူးပေါ့။ သတိရ ခဲ့ရင်တောင် ချောချော သေတာ ဘယ်ပြောလို့ ဖြစ်မလဲ” လို့ ဒေါ်ချိုက ပြောပြပါတယ်။
ဆိုတေးကို မန္တလေးဆေးရုံ အထူးကြပ်မတ်ဆောင်မှာပဲ ကုသနေဆဲ ဖြစ်ပြီး ပုံမှန်အနေအထား ရောက်မလာသေးဘူးလို့ သိရပါတယ်။
လက်ရှိမှာ နှလုံး အထူးကု၊ အာရုံကြော အထူးကု ဆရာဝန်တွေနဲ့ ကုသနေရ သေးပေမယ့်လည်း နိုင်ငံခြားမှာ ဆေးသွားကုဖို့ လုံးဝ အစီအစဉ်မရှိဘူးလို့ ဒေါ်ချိုက ပြောပါတယ်။
“ဖြစ်ဖြစ်ချင်းထက် စာရင် ပိုကောင်းပါတယ်။ ပုံမှန်လိုမျိုးတော့ သတိတော့ ကောင်းကောင်း မရသေးဘူး။ စကားလည်း မပြောနိုင်သေးဘူး။ မျက်လုံးကလည်း လူကောင်းတွေလိုမျိုး မဖွင့်နိုင်သေးပါဘူး။ ဆရာဝန်ကြီးတွေကတော့ နည်းနည်း ထပ် ကုသရဦးမယ် ပြောတယ်။ ပုံမှန်အနေအထား ရဖို့တော့ ခက်ခဲဦးမယ်။ စိတ်တော့ရှည်ရမယ် ပြောတယ်။ အဓိက ကတော့ အာရုံကြောထိတာပေါ့” လို့ သူက ဆက်ပြောပါတယ်။
ခွဲစိတ်ပြီး ၃ ရက်အကြာမှာ သတိပြန်ရလာပြီး ကိုယ်လက်တွေလည်း လှုပ်ရှားလို့ ရတယ်လို့ သိရပါတယ်။
ဆိုတေးကို ကုသပေးနေတဲ့ ဆရာဝန်ကြီးတွေထဲက တဦးဖြစ်တဲ့ မန္တလေးဆေးရုံက တာဝန်ရှိ ဆရာဝန်တဦးက လက်ရှိ အခြေအနေကတော့ တိုးတက်မှုရှိကြောင်းနဲ့ အာရုံကြောတွေ ထိခိုက်သွားတဲ့အတွက် ပုံမှန်အနေအထား ပြန်ရောက်ဖို့ အချိန် ကြာကြာ ယူဖို့ လိုတဲ့အကြောင်း ရှင်းပြပါတယ်။
“အခုအချိန်မှာတော့ သူ့ကိုကြပ်မတ်ဆောင်ထဲ မှာပဲ ကုသနေတုန်းပါပဲ။ ကိုယ်လက်တွေတော့ လှုပ်ရှားနိုင်တယ်။ မှတ်ဉာဏ် အနေနဲ့ကတော့ အရင်က ဖြစ်တာထက်စာရင် တော်တော် ကောင်းလာပါတယ်။ အရှင်းကြီး ပျောက်ဖို့တော့ နည်းနည်း ကြာမယ် ထင်ပါတယ်” လို့ သူက ပြောပါတယ်။
ဆိုတေးနဲ့ ပတ်သက်မှုရှိတယ်လို့ ဆိုလာတဲ့ ထိုင်းနိုင်ငံက ချိုချို ဆိုတဲ့ အမျိုးသမီးနဲ့ ပတ်သက်လို့ အုပ်ထိန်းသူတွေရဲ့ သဘောထားကို မေးကြည့်တဲ့အခါ ဘာမှပြောစရာမရှိဘူးလို့ပဲ သူ့အဒေါ်ဖြစ်သူက ဆိုပါတယ်။
တေးသံရှင် ဆိုတေးဟာ ၂၀၁၁ ခုနှစ်မှာ မီးအိမ်ရှင်စီးရီးနဲ့ ဂီတလောကထဲ ရောက်ရှိလာခဲ့ပြီး ၂၀၁၃ ဇူလိုင် ၁၃ ရက်နေ့မှာ အဝေးပြေးကားလမ်း၊ အမြန်လမ်းမကြီး မိုင်တိုင်၂၉၁/ ၃ မှာ ယာဉ် မတော်တဆမှု ဖြစ်ခဲ့ပါတယ်။ ၁၄ ရက်နေ့မှာ ဦးခေါင်းပိုင်း ကို မန္တလေး ဆေးရုံမှာခွဲစိတ်ခဲ့ရပြီး  ဇူလိုင် ၁၇ ရက်နေ့မှာ သတိ ပြန်ရလာခဲ့ပါတယ်။ ချစ်သူ ချောချောကတော့ ဇူလိုင်
၁၃ ရက်နေ့မှာပဲ ကွယ်လွန်ခဲ့ပါတယ်။

ချောကလက်ရောင်မိုးကြိုးကို မြန်မာ့စပါးကြီး အနိုင်ယူ

  “Burmese Python” လို့ ထင်ရှားတဲ့ ကချင် တိုင်းရင်းသား အောင်လအင်န်ဆန်း စနေနေ့က အမေရိကန် လက်ဝှေ့ထိုးသတ်ပွဲတခုမှာ နိုင်ပွဲရလိုက်ပြန်ပါပြီ။ 

 


 သူ့ပြိုင်ဘက်ကတော့ Shedrick Goodridge ဖြစ်တယ်လို့ ဧရာဝတီ သတင်းတပုဒ်မှာ ရေးထားပါတယ်။
နာမည်ပြောင်က Chocolate Thunder ဖြစ်ပါတယ်။ ချောကလက်ရောင်မိုးကြိုး လို့ ဘာသာပြန်နိုင်မယ် ထင်ပါတယ်။

အပြည့်အစုံကို http://www.irrawaddy.org/archives/42275 မှာ ဖတ်နိုင်ပါပြီ။

ထိုးသတ်ကြတဲ့နေရာကတော့ နယူးဂျာစီပြည်နယ် အက်တလန်တစ်မြို့မှာပါ။ အောင်မြင်မှုရဖို့ ဘုရားသခင်က ကြည့်ရှုစောင်မခဲ့လို့ ကျေးဇူးတင်ကြောင်း သူ့ Facebook မှာ ရေးထားပါတယ် တဲ့။
မိတ်ဆွေတွေ၊ မိသားစု၊ ပရိသတ်တွေကိုလည်း သူ့ကို အားပေးလို့ ကျေးဇူးတင်ကြောင်း ရေးထားပါတယ်။

မြစ်ကြီးနားဇာတိ အောင်လအင်န်ဆန်းက အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်မှာ နေတယ်၊ သူ ကျွမ်းကျင်တဲ့ MMA တိုက်ခိုက်နည်းကို
http://blog.irrawaddy.org/2012/02/blog-post_9422.html မှာ ဖတ်နိုင်ပါတယ်။

ကိုးကား  ‘Burmese Python’ Beats ‘Chocolate Thunder’ in MMA Showdown

သင့်ဖူးစာရှင် မှန်ရဲ့လား တွက်ကြည့်ရအောင်..

ကိုယ့်ချစ်သူက သင့်ရဲ့ဖူးစာရှင် ဟုတ်မဟုတ် သိချင်ကြဘူးလား၊ နည်းကတော့ လွယ်လွယ်လေးပါ။ သင်ရယ်၊ သင့်ရဲ့
ချစ်သူမွေးနေ့သက္ကရာဇ် အားလုံးပေါင်းကြည့်၊ နောက်ဆုံး ရလာတဲ့ကိန်းတစ်လုံးကအဖြေပေါ့။ကဲအစမ်းလေးလုပ်ကြည့်
ရအောင်။ သင်က ၁၃.၁.၁၉၉၁ သင့်ချစ်သူက ၄.၄.၁၉၉ဝ ဆိုပါစို့။

သင့်မွေးနေ့         +  သင့်ချစ်သူမွေးနေ့      =     အဖြေ
၁၃ + ၁ + ၁၉၉၁ +   ၄ + ၄ + ၁၉၉ဝ        =      ၄၀၀၃
မွေးနေ့၂ခုပေါင်းထားတဲ့ အဖြေ
၎ + ၀ + ၀ + ၃ = 
အဖြေက ပေါ့။
ရှင်းပြီနော်။ ကဲ..တွက်ကြည့်ကြရအောင် ...
အဖြေ- ၁
(၁) ရတဲ့သူကတော့ သင်ဟာသူ့ကိုအသက်ပေးနိုင်လောက်အောင်ချစ်ပေမယ့် သူ့အတွက်ကတော့ ရည်းစားဟောင်း
ကပစ်သွားလို့ အသဲကွဲပြီးခဏလာနားတဲ့ Bus ကားမှတ်တိုင်လိုဖြစ်နေတာပါ။ သင်နဲ့အတူနေတဲ့အချိန်မှာ သူဟာပျော်
ရွှင်နေပေမယ့် အဲဒီပျော်ရွှင်ခြင်းက ဟိုမရောက်ဒီမရောက်နဲ့ဖြစ်နေတတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပွေရှုပ်တတ်တဲ့
သူ့အကျင့်က သင့်ထက်သာမယ့်သူကို အမြဲတမ်းရှာဖွေနေလို့ပဲဖြစ်တယ်။ဒါကြောင့် သူ့ရဲ့ နောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်
အလမ်းဟာ မျောက်တစ်ကောင်သစ်ပင်ပေါ်ကပြုတ်ကျတာနဲ့ အတူတူလိုဖြစ်နေတာပါ။ နောင် Bus ကားအသစ်ဟာ
သူ့ဆီဆိုက်ကပ်လာခဲ့ရင် သူတစ်ခါတည်းပြေးတက်သွားဖို့ဝန်လေးမှာမဟုတ်သလို သင့်ကိုဘယ်လိုဖြစ်ပြီး ကျန်ခဲ့မှာ
လဲဆိုပြီး ခေါင်းပြန်စောင်းငဲ့ဖို့တောင်အချိန်ရှိမှာမဟုတ်ဘူး။
အဖြေ- ၂
(၂) ရတဲ့သူကတော့ သင်နဲ့သူဟာ ချစ်တော့ချစ်ကြပါတယ်။ ဒါပေမယ့် မုန်းတီးမှုနဲ့ပေါက်ဖွားလာတဲ့ချစ်ခြင်းဖြစ်တယ်။
တူတူနေခဲ့ရင်လည်း လက်ဝှေ့ပွဲကိုကြည့်နေရသလို နေ့စဉ်ထသတ်မှာအမှန်ပါပဲ။ အကျင့်တွေကလည်း တစ်ယောက်နဲ့
တစ်ယောက် မတူကြပါဘူး။ တစ်ယောက်ပြင်းလာရင် ကျန်တဲ့တစ်ယောက်ကလည်း အလျှော့ပေးမှာမဟုတ်ဘူး။
ဒါတောင်မှ သင်တို့မှာသုံးပွင့်ဆိုင်မရှိသေးဘူးနော်။ တစ်နေ့ကျရင် သူကခဏဝေးဝေးလောက် နေကြည့်ကြရအောင် လို့
ပြောလာခဲ့ရင်သင်သူ့ကိုနားလည်ပေးလိုက်ပါ။ သူကသင့်ကိုမချစ်တာမဟုတ်ပါဘူး။တစ်ယောက်ကိုတစ်ယောက် နားလည်
နိုင်တဲ့အချိန်တစ်ခုလောက်တော့ထားပေးလိုက်ကြပေါ့နော့...
အဖြေ- ၃
(၃) ရတဲ့သူက Yahoo! နောက်ဆုံးတော့လည်း သင်က အစစ်အမှန်ကိုတွေ့တာပဲလေ။ သင်တို့နှစ်ယောက်ရဲ့တွေ့
ဆုံခြင်းဟာ ရေစက်လို့ခေါ်လို့ရတယ်။ ဘာပဲဖြစ်ဖြစ်တူညီနေတာပဲ။ အကျင့်၊ အကြိုက်၊ ညစ်ပတ်ခြင်း၊ ပေါခြင်း၊ အရူး
ထခြင်းတွေပေါ့။ ဒါကြောင့် သူ့ကိုတွေ့တဲ့အချိန်ဆို ကိုယ့်ကိုယ်ကိုမှန်ကြည့်နေရသလိုပဲ။ သင်တို့အချစ်ဟာ ဘာအရ
သာမှမရှိပေမယ့် ခိုင်မြဲမှုရှိတာတော့အမှန်ပဲလေ။ ကြည့်လိုက်တာနဲ့နှလုံးသားထိမြင်ရတယ်ဆိုတာပေါ့။ အဲ..တစ်ခု
တော့ရှိတယ်။ သင်သတိထားရမှာက ကိုယ့်စိတ်ကိုယ်ပဲ၊ သင့်အတွက်သူဟာ ငြီးငွေ့စရာကောင်းနေတယ်။ ဒါကြောင့်
သင်ဟာ ဒီထက်ပိုကောင်းတဲ့အချစ်တွေကိုရှာဖွေနေတယ်။ နောက်ဆုံးတော့လည်း ဘယ်လူမှ သင့်ရဲ့အခုလိုအရသာ
မရှိတဲ့ ပေါရွှတ်ရွှတ်လူထက်ပိုပြီးကောင်းမှာမဟုတ်ဘူးဆိုတာသင်သိလိမ့်မယ်။ မသိနိုင်ဘူးလေ။ အဲဒီအချိန် ရောက်ခဲ့
ရင် နှောင်းချင်လည်းနှောင်းသွားမှာပေါ့။
အဖြေ- ၎
(၄) ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်ဟာ စေးကပ်ကပ်ကြီးလိုဖြစ်နေတယ်။ ဘယ်လို ခွာခွာ ခွာလို့မရတဲ့ပုံစံ၊ ဘဝကို
ဘယ်လိုဖြတ်သန်းရမှန်းမသိတဲ့ ပုံစံနဲ့တူနေတယ်။ သင်ကလည်း အိနြေ္ဒရှင်ပီသစွာနဲ့ သူ့ကိုချစ်တယ်လို့ ဖွင့်ပြောဖို့မရဲ
ဘူးဖြစ်နေတယ်။ ဒါကြောင့် ဟိုဖက်ကိုလည်းမသွား၊ ဒီဖက်ကိုလည်းမရောက်ဖြစ်နေတာပေါ့။ အကောင်းဆုံးကတော့
သင်တို့နှစ်ယောက်ခေါင်းချင်းဆိုင်ပြီး ပြဿနာကိုတူတူဖြေရှင်းကြတာအကောင်းဆုံးပဲလေ။ မဟုတ်ရင်တော့ သင်တို့ထဲ
ကတစ်ယောက်မဟုတ်တစ်ယောက်ဟာ အသစ်တွေ့ပြီး သင်တို့ရဲ့ဇာတ်လမ်းလေးက ဇာတ်သိမ်းသွားလိမ့်မယ်နော်။
အဖြေ- ၅
(၅) ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်က သွေးရဲရဲသံရဲရဲအချစ်ပေါ့။ဘာဂိုဏ်းညာဂိုဏ်းတွေ မာဖီးယားဂိုဏ်းတွေလိုက်ရင်း
အသက်လုပြီးဖြစ်ပေါ်လာတဲ့အချစ်စစ်။သင်တို့အချစ်လမ်းကြောင်းမှာ ဘယ်လောက်ပဲအန္တရာယ်ရှိပေမယ့် သင်တို့က
တစ်ယောက်နဲ့တစ်ယောက်ကိုနားလည်ပြီး နှလုံးသားအစစ်နဲ့အမှန်ချစ်တာဖြစ်တယ်။ သင်တို့နှစ်ယောက်က ခုချိန်မှာ
ချစ်သူအဆင့်တွေမဟုတ်တော့ပါဘူး။ နှစ်လွှာပေါင်းမှတစ်ရွက်ဆိုပြီးဖြစ်နေကြပါပြီ။ အသက်ပေးပြီးချစ်ကြတဲ့ သူတွေ
အဆင့် ရောက်နေကြပါပြီ။ သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်မဟုတ်ဘူးလို့ မယုံသင်္ကာမဖြစပါနဲ့။ ဘာလို့လဲဆိုတော့ သူ
ဟာယုံကြည်နေပါပြီ။ သင်ဟာ ဘုရားကပေးလာတဲ့ ဖူးစာရှင်အစစ်လို့....။
အဖြေ- ၆
(၆) ရတဲ့သူက ခုချိန်တွေမှာ ဘာစားစားသကြားထည့်ဖို့တောငမလိုပါဘူး။ ဘာလို့လဲဆိုတော့ သင်တို့အချစ်ရဲ့ချိုမြိန်
ခြင်းက သကြားရဲ့အချိုဓာတ်ကိုတောင်ဝါးမြိုသွားလို့ဖြစ်တယ်။ ဒါပေမယ့်လည်း ဒီပျောရွှင်မှုဟာ မပြည့်စုံသေးဘူးလို့
သင်ခံစားရမယ်။ ရေမြောင်းပုပ်မှာ လရိပကိုမြင်ရသလိုပေါ့။ သင်ဟာ သင့်ချစ်သူနဲ့ ဒီလိုအမှတ်တရအချိန်လေးတွေကို
ဘယ်လောက်ကြာကြာခံစားရဦးမလဲဆိုတာ မသေချာသေးဘူး။သို့ပေမယ့်လည်း သင်ဟာ ခုချိန်မှာအရမ်းပျော်နေ
တယ်လို့တော့ ပြောနိုင်တယ်လေ။ အကယ်လို့သူ့ပြဿနာတစ်ခုခုရှိပြီး သင့်ကိုမသိစေချင်ရင်လည်း သင်က ဘာမှမသိ
သလိုနေမှာအသေအချာပဲ။ သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ပြီလားလို့မေးရရင်တော့ သင့်ရဲ့အစွမ်းအစပေါ်မှာမူ
တည်ပါတယ်။ ပြီးတော့ သူ့ရဲ့ခိုင်မာမှုနဲ့လည်းဆိုင်တယ်လေ။ သူ့ရဲ့ပြဿနာကိုဖြေရှင်းနိုင်ရဲ့လားဆိုတာ...
အဖြေ- ၇
(၇) ရတဲ့သူက ဒီတစ်ယောက်ကသင့်ကိုအမြင်ရှင်းသွားအောင်လုပ်ပေးနိုင်စွမ်းရှိတယ်။ အနိမ့်စားလူတစ်ယောက်က
ဘယ်လိုလဲဆိုတာပေါ့၊ဘာဖြစ်လို့လဲဆိုတော့ အဲဒီသူနဲ့အတူပါလာတာက တစ်ကိုယ်ကောင်းဆန်စိတ်၊ ကိုယ့်ကိုယ်ကို
အထင်ကြီးမှု၊ အများကြီး အများကြီးပေါ့။ သင့်ကိုတစ်ခုခုကူညီလိုက်ရင် ကျေးဇူးအတင်ခံချင်တာကအရင်ပေါ့။
ကျေးဇူးမမေ့နဲ့၊ ကျေးဇူးမမေ့နဲ့ဆိုတာ သူ့ပါးစပ်ကပြောလာတဲ့စကားတွေပေါ့။ပွေလည်းပွေတယ်။ ကပ်စေးလည်းနဲ
တယ်။ ဆိုးသောအရသာမျိုးစုံနဲ့ပြည့်စုံနေတဲ့သူပေါ့။ သင်နဲ့ရည်းစားလာဖြစ်တာကလည်း အထွေအထူးမဟုတ်ပါဘူး။
super casanova ဆိုတဲ့ ဂုဏ်ထူးကြီးကြောင့်ပဲဖြစ်တယ်။သင်ဟာ ရုပ်မရှိရင်အဲဒီတစ်ယောက်က သင့်ကိုမျက်စောင်း
လေးတောင် ထိုးကြည့်မှာမဟုတ်ဘူး။ ပြီးတော့ သင်မသိသေးတဲ့ သူ့ရဲ့အတွဲပေါင်းများစွာကိုလည်း ဂိုဒေါင်ကြီးထဲ
ထည့်ထားရတဲ့အထိ၊ ဒါကြောင့် သူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ခွင့်ကတော့ လုံးဝမမျှော်လင့်နေပါနဲ့တော့နော်။
အဖြေ- ၈
(၈) ရတဲ့သူက သူ့ရဲကနောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်အရေးဟာ ၅ဝ% = ၅ဝ% ပါပဲ။ သင်တို့အချစ်ဟာကြာပြီး အားလုံး
နေရာကျနေပြီလေ။ တစ်ယောက်အကြောင်းကိုတစ်ယောက်သိနေပြီလေ။ ဒါကြောင့်အတူနေတဲ့အချိန်ဆို စိတ်ချမ်း
သာရတယ်။ အဲဒီစိတ်ချမ်းသာတာကချိုတာတွေ romatic တာတွေ မရှိတဲ့ခံစားချက်၊ သဝန်တိုခြင်း၊ လိုချင်တပ်မက်မှု
မရှိတဲ့အချစ်ဖြစ်နေပါတယ်။ ဒါကြောင့် သင်တို့အချစ်က သကြားပြတ်သွားတဲ့အချစ်နဲ့တူတယ်လေ။ သင်တို့နှစ်ယောက်
က တစ်ယောက်ကိုတစ်ယောက်သိကြမှာပါ။ တစ်ယောက်အပေါ်တစ်ယောက်ဘယ်လောက်နားလည်နိုင်စွမ်းရှိတယ်
ဆိုတာ သူ့အပြင်သင့်အပေါ်မှာနောက်ထပ်နားလည်နိုင်မယ့်သူလည်း ရှာလို့တွေ့တော့မှာမဟုတ်တော့ဘူးလေ...)
အဖြေ- ၉
(၉) ရတဲ့သူက အားရိုးရိုး...သင်တို့အချစ်ကိုနှိုင်းရရင်တော့နံနက်နေထွက်ချိန်နဲ့ ညနေနေဝင်ချိန်၊ ကောင်းကင်နဲ့မြေကြီး၊
သူချမ်းသာနဲ့သူဆင်းရဲ့၊ နတ်ပန်းနဲ့ ငရဲပန်း စတာတွေပေါ့။ ဒါကြောင့် သင်တို့အချစ်ကို သင်တို့ကိုယ်တိုင်တောင်
နားမလည်နိုင်ပဲဖြစ်နေရတယ်။နောက်ထပ် ဘာထူးဆန်းစရာတွေထပ်လာဦးမလဲဆိုပြီးတော့ သင်တို့နှစ်ယောက်ရဲ့
အချစ်အကြောင်းဟာ ဟာသတစ်ပုဒ်လိုပဲဖြစ်နေတယ်။သင်တို့နှစ်ဦးကလည်းသိနေတယ်လေ။ ကြာရှည်လက်တွဲလို့မရ
ဘူးဆိုတာပေါ့။ ခဏတစ်ဖြုတ်လေးလက်တွဲတာကလည်း ကိုယ့်ဘဝမှာရယ်စရာအမှတ်တရအဖြစ်ထားခဲ့ချင်လို့ပဲဖြစ်
တယ်။ သင်တို့နှစ်ဦးဟာအလွန်ခြားနားလွန်းလို့ တူတူသွားလို့မရဘူးဆိုပြီးတော့ပေါ့။ သင်တို့နှစ်ဦးလမ်းခွဲသွားခဲ့ရင်
လည်း သူငယ်ချင်းကောင်းတွေဆက်ဖြစ်ဦးမှာပါ။......
ဆရာဇံဇာဏီရဲ့ တွက်နည်းပါ.....
သူငယ်ချင်းတွက်ကြည့်တာ မှန်တယ်ဆိုပဲ..
သူငယ်ချင်းအားလုံးလဲ စမ်ကြည့်လိုက်နော်.....ပျော်ရွှင်ပါစေ သူငယ်ချင်း.......

နိုင်ငံတကာမယ်ပြိုင်ပွဲဝင်နေတဲ့ ခင်ဝင့်ဝါရဲ့ Facebook

ဘယ်လာရုစ်နိုင်ငံရောက်  မော်ဒယ် ခင်ဝင့်ဝါက Facebook ကို အမှန်တကယ် အသုံးပြုသူပါ။
 Miss Supranational  ပြိုင်ပွဲကြီးမှာ ပြိုင်ဘက်များနဲ့အတူ ရိုက်ကူးထားတဲ့ပုံတွေကို ဆက်တိုက် တင်နေတာ တွေ့ရပါတယ်။  
သူ ဘယ်လာရုစ်ရောက်နေတဲ့အကြောင်းကို ဧရာဝတီဘလော့မှာ 
နိုင်ငံတကာမယ်ပြိုင်ပွဲရောက်နေတဲ့ မြန်မာမော်ဒယ်  ဆိုပြီး ဖော်ပြပြီးပါပြီ။
http://blog.irrawaddy.org/2013/08/blog-post_8721.html မှာ ဖတ်နိုင်ပါတယ်။

ဇူလိုင် ၂၁၊ ၁၉၉၄ ခုနှစ်ဖွား  ခင်ဝင့်ဝါရဲ့ အွန်လိုင်းလိပ်စာက https://www.facebook.com/khinwint.wah.73 ဖြစ်ပါတယ်။

သူ့Facebookမှာ သူ့ပရိသတ်အများအပြားကိုလည်း မိတ်ဆွေအဖြစ် လက်ခံထားတာ တွေ့ရမှာပါ။
သူ့နောက်ကို အွန်လိုင်းမှာ ခြေရာခံလိုက်လိုရင်တော့ Facebook အကောင့်တခု ရှိဖို့လိုတယ်၊ သူ့စာမျက်နှာမှာရှိတဲ့ Follow ကို ကလစ်တချက် နှိပ်ဖို့ လိုပါမယ်။

သူ့ရဲ့ ပရိသတ်စာမျက်နှာကတော့ https://www.facebook.com/KhinWintWah.Myanmar ဖြစ်ပါတယ်။
အဲဒီမှာရှိတဲ့ Like ဆိုတဲ့နေရာကို တချက်ကလစ်ရင်လည်း သူ့ရဲ့ အွန်လိုင်းပရိသတ်ဖြစ်နိုင်ပါတယ်။
ဒီပုံကတော့ ... အပျိုတော်အကလေ့ကျင့်ရင်းခဏနားနေတုန်းလေးပါရှင်.....:):):):):) လို့ သူက ဆိုထားပါတယ်။

 
ဒါကတော့ ဘယ်လာရုစ်မသွားခင် လေ့ကျင့်နေပုံ ဖြစ်ပါလိမ့်မယ်။
 


 

Sunday, August 18, 2013

Miss People 2012, Model Khine Thazin Yu Wah


Model Khine Thazin Yu Wah in Beautiful Myanmar Fashion Dress







CopyRight ( MyanmarCeleBrity.com ) Thanks U.....
Name: Khine Thazin Yu Wah
Nick Name: -
Job: Professional Model
Education: 3rd Year (Law Studies)
Race: Burma
Date of Birth: September 13
Height: 5' 7"
Weight: 115 lbs
Relationship Status: Single

Facebook: Khinethazinyuwah
Hobby: -

Awards;
- Miss People 2012 of Miss People Style Competition 2012
- The 1st Runner-Up of Miss Oramin F 2012
- Miss Loi Kathone 2012

Model Agency: -

Photos by Photo Magic Studio (The 47th Street, in Yangon).
Copyright © 2013 MyanmarCelebrity.Com

လှပတဲ့ ကိုယ်ခန္ဓာ အချိုးအစားနဲ့ ဆွဲဆောင်မှုအားပြင်းတဲ့ မော်ဒယ် ခိုင်သဇင်ယုဝါ ပါ။