အနုပညာရှင်များထဲတွင် တစ်မူ ထူးခြားသော ကိုယ်ပိုင်ဟန်ပန်နှင့် သရုပ်ဆောင်မှု များကြောင့် ပရိသတ်များ ကြိုက်နှစ်သက်ခဲ့ကြသော သရုပ်ဆောင် ရာဇာနေဝင်းက သူ့ရဲ့တစ်ကိုယ်တော် Live Show ခွေကို မကြာမီ ဖြန့်ချိ ပေးသွားတော့ မှာပါလို့ The Voice ကို ပြောပါတယ်။
အဆိုပါ Live Show ခွေနဲ့ ပတ်သက်ပြီး ရာဇာနေဝင်းက“ဒီ Live Show ခွေကို ကိုယ် ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်ထားတာပါ။ အဆိုပိုင်းကတော့ ပြီးနေပြီ။ ဟာမိုနီတွေ ဆိုဖို့ပဲ ကျန်တော့တယ်။ သီချင်းတွေ ကျတော့ Copy တွေပါပဲ။ တေးရေးတွေကတော့ စောခူဆဲ၊ စောဖိုးခွား၊ ဇဝါ၊ ဟဲလေး၊ သြရသ တို့က ရေးပေးထားတယ်။ ဒီခွေကို ပရိသတ် အတွက် အကောင်းဆုံး ဖြစ်အောင် ကြိုးစား ထားပါတယ်။ ထွက်ဖို့ကတော့ ရာသီဥတု အခြေအနေ ကောင်းတာနဲ့ ဒီတစ်လ၊ နှစ်လအတွင်း ထွက်မှာပါ”လို့ ပြောပါတယ်။
ရာဇာနေဝင်းက ပရိသတ်နဲ့ အကြာကြီး အဆက်ပြတ်နေခဲ့တာက အနုပညာ အလုပ်တွေ မလုပ်ဖြစ်ဘဲ ရပ်နားထားခဲ့တာ ကြောင့်ပါလို့ ပြောပါတယ်။ ယခုအခါမှာတော့ ပရိသတ်တွေနဲ့ ပြန်လည် ထိတွေ့ခွင့် ရဖို့အတွက် ဇာတ်ကားတွေ ပြန်ရိုက်နေကာ ဟာသဇာတ်ကား နှစ်ကား ရိုက်ကူးပြီးသွားပါပြီလို့ ဆိုပါသေးတယ်။
The Voice Weekly

No comments:
Post a Comment
မှတ်ချက်များကို စနစ်တကျ စီစစ်ပြီးမှ ဖော်ပြမည်ဖြစ်ပါ၍ မကြာခင် နောက်တစ်ခါ ပြန်ရောက်လာပါက ဖော်ပြပေးပါမည်..လိုအပ်တာလေးတွေ
ရှိသေး၍ကြိုးစားနေပါတယ် ပို့စ်နဲ့မကိုက်ညီသော စာသားများတွေ့ရှိပါက
ပယ်ဖြတ်သွားမည် ဖြစ်ပါ၍ အဆင့်အတန်းရှိကြပါရန် အနူးအညွန့်မေတ္တာရပ်ခံပါသည် ။