No.1
Dustin Moskovitz

အသက် - ၂၈ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ
ဒပ်စတင် မော့စ်ကိုဗစ် ဆိုတာက မာ့ခ် ဇူကာဘတ်နဲ့တစ်ချိန်က တစ်ခန်းတည်းအတူနေသူငယ်ချင်းပါ။ Facebook ကို အတူတူတွဲထောင်ခဲ့ပေမယ့် ၂၀၀၈ ခုနှစ်ကစပြီး လမ်းခွဲလိုက်ပြီ။ Facebook ရဲ့ Share ၇ ဒသမ ၆ ရာခိုင်နှုန်းကို ပိုင်ဆိုင် ထားတယ်။ ပရဟိတလုပ်ငန်းတစ်ခုဖြစ်တဲ့ Good Ventures ကို ရီးစားဖြစ်သူနဲ့ တွဲပြီး ထူထောင်ထားတယ်။ အခြား နာမည်ကျော် ပရဟိတလုပ်ငန်းတစ်ခုဖြစ်တဲ့ GiveWell နဲ့လည်း တွဲဖက်ပြီးတော့ လူမှုရေးလုပ်ငန်းတွေ လိုက်လုပ်နေတယ်။
No.2
Mark Zuckerberg

အသက် - ၂၈ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၁၃ ဒသမ ၃ ဘီလီယံ
ဇူကာဘတ်က မော့စ်ကိုဗစ်ထက် ၈ ရက်လောက်ကြီးတဲ့အတွက် ဒုတိယနေရာရောက်သွားတယ်။ ဒီအရွယ်နဲ့ CEO ဆိုတာတော့ အတော်လေးရှားမယ်ထင်တယ်။ ၂၀၁၂ ခုနှစ် မေလမှာ Facebook ကို အများပိုင်ကုမ္ပဏီတစ်ခုအနေနဲ့ ပြောင်းလဲလိုက်ပြီး နောက်တစ်နေ့မှာ လက်ထပ်တယ်။ အရွယ်ငယ်ငယ် ကိုယ်ပိုင်အားထုတ်မှုနဲ့ တကယ့်ကို ကြွယ်ဝခဲ့ရတဲ့ လူငယ်တစ်ယောက် ဖြစ်ပါတယ်။
No.3
Albert von Thurn und Taxis

အသက် - ၂၉ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ
အဲလ်ဘတ်ဟာ Forbes မဂ္ဂဇင်းရဲ့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းကို အသက် ၈ နှစ်သားလောက် ကတည်း က ရောက်ခဲ့သူဖြစ်ပါ တယ်။ ဒါပေမဲ့ တရားဝင်အမွေကိုတော့ ၂၀၀၁ ခုနှစ်မှ ဆက်ခံခဲ့ရ သူဖြစ် တယ်။ လူပျိုလူလွတ်တစ်ယောက်ဖြစ်ပြီး ပြိုင်ကား မောင်းတာကို ဝါသနာထုံတယ်။
No.4
Scott Duncan

အသက် - ၃၀ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၅ ဒသမ ၁ ဘီလီယံ
စကော့ ဒန်ကင်ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ နာမည်ကျော် စွမ်းအင်ပိုက်လိုင်းသူဌေးကြီး ဒင် ဒန်ကင်ရဲ့ အမွေဆက်ခံသူ သားသမီး လေးဦးအနက် အငယ်ဆုံးသားတစ်ယောက်ဖြစ်ပါတယ်။ သူ့ဖခင်ဟာ Enterprise Products Partners ကုမ္ပဏီကြီးကို တည်ထောင်ခဲ့သူဖြစ်ပါတယ်။ ယနေ့ အဲဒီကုမ္ပဏီပိုင်ဆိုင်တဲ့ သဘာဝဓာတ်ငွေ့၊ ရေနံနဲ့ ရေနံဓာတုပိုက်လိုင်း အရှည်ဟာ မိုင်ပေါင်း ၅၀၀၀၀ ခန့်ရှိပါတယ်။
No. 5
Eduardo Saverin

အသက် - ၃၀ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ
Facebook ကိုပူးတွဲတည်ထောင်သူတွေထဲကတစ်ယောက်ဖြစ်ပြီး ၂၀၁၁ ခုနှစ်ကမှ အမေရိကန်နိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ အခွန်ရှောင်တိမ်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် နိုင်ငံသားအဖြစ်က စွန့်သွား တယ်ဆိုတဲ့ သတင်းတွေထွက်နေပါတယ်။ မာ့ခ် ဇူကာဘတ်နဲ့ သူငယ်ချင်းတွေဖြစ်ခဲ့ပြီး Facebook ကို စတင်ထူထောင်စဉ်က အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့သူတွေဖြစ်ပါတယ်။ Facebook ရဲ့ Share ၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ ခုတော့ ဘရားဇီးလ်နိုင်ငံသားအဖြစ် ခံယူထားပြီး၊ စင်ကာပူနိုင်ငံမှာ နေထိုင်တယ်။ လုပ်ငန်းသစ်တွေလုပ်ဖို့ ပြင်ဆင်နေတယ်။
No.6
Huiyan Yang

အသက် - ၃၁ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံ
ယန်းဟာ Country Garden Holdings ကုမ္ပဏီကြီးကို ထူထောင်သူရဲ့ သမီးဖြစ်ပါတယ်။ အိမ်မြေယာရောင်းဝယ်ရေး အကျိုးဆောင်ကုမ္ပဏီကြီးတစ်ခုအနေနဲ့ တရုတ်ပြည်မှာထင်ရှားပါတယ်။ တရုတ်ပြည်ရဲ့ အချမ်းသာဆုံး အမျိုးသမီးတစ် ယောက်လို့လည်း ဆိုနိုင်တယ်။ သူ့ဖခင်က ယန်းကို အမေရိကန်ပြည်ထောင်စုက အိုဟိုင်းအိုပြည်နယ် အိမ်ခြံမြေလုပ်ငန်းကြီးကို ၂၀၀၇ ခုနှစ်ကတည်းက လွှဲပေးထားတယ်။
No.7
Fahd Hariri

အသက် - ၃၂ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၁ ဒသမ ၃၅ ဘီလီယံ
အသတ်ခံလိုက်ရတဲ့ လက်ဘနွန် ဝန်ကြီးချုပ် ရာဖစ် ဟာရီရီ ရဲ့ အငယ်ဆုံးသားဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ Ecole Spéciale d'Architecture de Paris တက္ကသိုလ်ကနေ ၂၀၀၄ ခုနှစ်က ဘွဲ့ရခဲ့တယ်။ မြို့ဆင်ခြေဖုံးမှာ အဝတ်အထည် ဒီဇိုင်းစတူဒီယိုတစ်ခုထောင်ထားတယ်။ ဆော်ဒီ အာရေးဗီးယားက သူ့ဖောက်သည်တွေဆီကို ပရိဘောဂပစ္စည်း တွေ တင်ပို့ပေးတယ်။
No. 8
Marie Besnier Beauvalot

အသက် - ၃၂ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ
အသက် ၄၂ နှစ်အရွယ် အီမန်နျူရယ်၊ အသက် ၄၅ နှစ်အရွယ် ဂျင်း မစ်ချယ်တို့ရဲ့ ညီမဖြစ်ပြီးတော့ ပြင်သစ် နို့ထွက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Lactalis ကို ပူးတွဲပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ Président ဆိုတဲ့အမည်နဲ့ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ဒိန်ခဲ၊ နို့၊ ဒိန်ချဉ်တွေကို ထုတ်လုပ်ပါတယ်။
No. 9
Sean Parker

အသက် - ၃၃ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၂ ဘီလီယံ
ရှောင် ပါကာဟာ Airtime ဆိုတဲ့ ဗီဒီယို chatting လုပ်တဲ့ site ကို အခြား Web ကုမ္ပဏီတွေထက် ပိုပြီးကောင်းမွန် အောင် ပြင်ဆင်ဆောင်ရွက်ထားပါတယ်။ အသက် ၁၉ နှစ်မှာ ပါကာဟာ ကောလိပ်တက်နေရာက ထွက်လိုက်ပါတယ်။ သူ့ရည်ရွယ်ချက်က တေးသံသွင်း လုပ်ငန်းတွေလုပ်နေတဲ့ Napster လို site မျိုးနဲ့အပြိုင် ဂီတ Website ကြီးတစ်ခုကို ထူထောင်ဖို့ဖြစ်ပါတယ်။ အသက် ၂၄ နှစ်မှာ Facebook ရဲ့ ပထမဦးဆုံး ဥက္ကဌအဖြစ် တာဝန်ယူခဲ့တယ်။
No. 10
Ayman Hariri

အသက် - ၃၄ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၁ ဒသမ ၃၅ ဘီလီယံ
သူလည်း လုပ်ကြံခံရတဲ့ လက်ဘနွန်ဝန်ကြီးချုပ်ဟောင်း ရာဖစ် ဟာရီရီရဲ့ သားတစ်ယောက်ဖြစ်ပါ တယ်။ ဆော်ဒီ အာရေးဗီးယားမှာ အကြီးဆုံး ဆောက်လုပ်ရေးလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Saudi Oger ကုမ္ပဏီကို တာဝန်ယူပြီး လုပ်ဆောင်နေသူဖြစ်ပါတယ်။ ဟာရီရီ အမွေဆက်ခံသူတစ်ယောက်ဖြစ်ပါတယ်။
From:မောက္ခ

0 comments:
Post a Comment