Thursday, July 4, 2013

တရုတ်တွင် ပိတ်ပင်ထားသည့် ညစ်ညမ်းရုပ်ရှင်အား လူစည်ကားရာနေရာရှိ LED Screen ကြီးပေါ်တွင် မှားယွင်းပြသမိ

တရုတ်နိုင်ငံတွင် ‎China လိင်မှုဆိုင်ရာ ညစ်ညမ်းပုံရိပ်များကြောင့် ပိတ်ပင်ထားသည့် ရုပ်ရှင်တစ်ခုကို လူစည်ကားသည့် နေရာမှ ‎LED ‎Screen ကြီးပေါ်တွင် ပြသမိခဲ့ကြောင်း သိရှိရသည်။ အများပြည်သူ သွားလာနေသော နေရာတွင် ထောင်ထားသည့် ကြီးမားလှသည့် LED Screenကြီးပေါ်တွင် ဆိုးဆိုးရွားရွား အပြာပုံရိပ်များ ထွက်ပေါ်လာခြင်းကြောင့် အများအတွက် အံ့ဩစရာ ဖြစ်ခဲ့ရသည်။

ဂျီလင်းခရိုင်ရှိ ရင်ပြင်တစ်ခုတွင် စိုက်ထူထားသော LED Screenကြီး၌ ‎The ‎Forbidden ‎Legend: ‎Sex ‎and ‎Chopsticks ဇာတ်ကားသည် (၁၀)မိနစ်မျှ ပြသနေခဲ့ရာ ဖြတ်သွားဖြတ်လာများ ပါးစပ် အဟောင်းသား ဖြစ်ခဲ့ရသည်။ ယင်းသည် LED Screenတွင် ထုတ်လွှင့် ပြသမှုများကို တာဝန်ယူထားသည့် ကုမ္ပဏီမှ ဝန်ထမ်း တစ်ဦး၏ အမှားကြောင့် ဖြစ်သည်။

နည်းပညာ ကျွမ်းကျင်သူ တစ်ဦးသည် ၎င်း၏ ကွန်ပျူတာဖြင့် ယင်းဇာတ်ကားကို ကြည့်ရှုနေခြင်းဖြစ်ပြီး အဆိုပါ ကွန်ပျူတာသည် LED Screenတွင် ပြသမှုကို တိုက်ရိုက် ချိတ်ဆက်ထားသည်ကို သတိမမူမိဘဲ ရှိနေခဲ့ခြင်းဟု သိရသည်။ ယွမ်မူဆိုသော အဆိုပါ ဝန်ထမ်းသည် ၎င်း၏ အမှားကို သတိပြုမိချိန်တွင် ကွန်ပျူတာကို ပိတ်သိမ်းပြီး ရုပ်ရှင်ဇာတ်ကား ကူးယူထားသည့် DVDကိုလည်း ပြန်ထုတ်ထားလိုက်သည်။

သို့သော်လည်း ယင်းမတော်တဆ ဖြစ်ရပ်အကြောင်း လျင်မြန်စွာ လူသိခဲ့ပြီး ဂျီလင်း ဘူတာအနီးတွင် လူအများက LED Screenကြီးကို ဓာတ်ပုံရိုက်ကာ အင်တာနက်ပေါ် လွှင့်တင်ခဲ့ကြသည်။ ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ရပ်အပေါ် ရဲတပ်ဖွဲ့က စုံစမ်းမှုများ ပြုလုပ်နေသော်လည်း အများစုကမူ ယင်းကို ဟာသအနေဖြင့်သာ သဘောထားကြကြောင်း သိရသည်။ ယင်းဇာတ်ကားသည် (၁၇)ရာစုနှစ် တရုတ်ဝတ္ထုရှည် The ‎Plum ‎in the ‎Gloden ‎Vase ကို အခြေခံ ရိုက်ကူးထားခြင်းဟုလည်း သတင်းများက ဖော်ပြခဲ့သည်။

Planet Myanmar Network

No comments:

Post a Comment

မှတ်ချက်များကို စနစ်တကျ စီစစ်ပြီးမှ ဖော်ပြမည်ဖြစ်ပါ၍ မကြာခင် နောက်တစ်ခါ ပြန်ရောက်လာပါက ဖော်ပြပေးပါမည်..လိုအပ်တာလေးတွေ
ရှိသေး၍ကြိုးစားနေပါတယ် ပို့စ်နဲ့မကိုက်ညီသော စာသားများတွေ့ရှိပါက
ပယ်ဖြတ်သွားမည် ဖြစ်ပါ၍ အဆင့်အတန်းရှိကြပါရန် အနူးအညွန့်မေတ္တာရပ်ခံပါသည် ။