Monday, August 5, 2013

ရန်ကုန်-နေပြည်တော် ပွဲပျက် ရန်ကုန် ဘောလုံးသမား အချို့ ဒဏ်ရာရ

SEA Games အတွက် တည်ဆောက်ထားသည့် နေပြည်တော် ဝဏ္ဏသိဒ္ဓိ ကွင်းတွင် ကျင်းပသည့် နေပြည်တော်နှင့် ရန်ကုန် ယူနိုက်တက် အသင်းတို့ ၏ မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် ကစားပွဲတွင် လုံခြုံရေး အားနည်းမှုကြောင့် ကွင်းအတွင်း ပရိသတ်များ ဝင်ရောက်လာသဖြင့် ပွဲချိန် မိနစ် ၃၀ တွင် ဆက်မကစားနိုင်ဘဲ ပွဲပျက်သွားကာ ရန်ကုန် ကစားသမား အချို့လည်း ထိခိုက် ဒဏ်ရာရကုန်ကြောင်း ပွဲကြည့် ပရိသတ်များထံမှ စုံစမ်း သိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



သြဂုတ်လ ၄ ရက်နေ့ညနေက ကျင်းပခဲ့တဲ့ မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် ၂၂ တွင် ရန်ကုန်ယူနိုက်တက် အသင်းနှင့် နေပြည်တော် အသင်းတို့ကစားသည့် ပွဲစဉ်အား နေပြည်တော် ၀ဏ္ဏသိဒ္ဓီဘောလုံးကွင်းတွင်းတွင် ယှဉ်ပြိုင်ကစား ခဲ့ကြပါသည်။ ပွဲကစားချိန် ၃၅ မိနစ်ခန့်တွင် နှစ်ဖက် အချင်းများရာမှ ပွဲကစားချိန် ၃၇ မိနစ်ခန့်တွင် ပွဲစဉ်ကို လုံးဝရပ်နားခဲ့ရသည်။  အဆိုပါပွဲစဉ်တွင် ရန်ကုန်ပရိသတ် ထောင့်လေးရာခန့် နှင့် နေပြည်တော် ပရိသတ် တစ်သောင်းကျော်တို့လာရောက်ကြည့်ရှုခဲ့သည်ဟု သိရပါသည်။ ဓါတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ

No comments:

Post a Comment

မှတ်ချက်များကို စနစ်တကျ စီစစ်ပြီးမှ ဖော်ပြမည်ဖြစ်ပါ၍ မကြာခင် နောက်တစ်ခါ ပြန်ရောက်လာပါက ဖော်ပြပေးပါမည်..လိုအပ်တာလေးတွေ
ရှိသေး၍ကြိုးစားနေပါတယ် ပို့စ်နဲ့မကိုက်ညီသော စာသားများတွေ့ရှိပါက
ပယ်ဖြတ်သွားမည် ဖြစ်ပါ၍ အဆင့်အတန်းရှိကြပါရန် အနူးအညွန့်မေတ္တာရပ်ခံပါသည် ။