ပြက္ခဒိန်ရိုက်ရတာ ပရိသတ်တွေနဲ့ နီးစပ်မှုပိုမြန်တယ်လို့ မေသွန်းခဆို
အဝတ်အစားပိုင်းကစပြီးCharacter ပိုင်းကအစ အားလုံးပြင်ဆင်ရတယ်။ ညီမ အတွက် မော်ဒယ်လုပ်ရတာထက်စာရင် သရုပ်ဆောင်လုပ်ရတာ ပိုပြီးခက်ခဲပါတယ်" လို့ဆိုပါတယ်။ ကိုယ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေ ထွက်လာရင်လည်း ပရိသတ်ရဲ့စကားသံကို Facebook Fan Page ကနေ အ မြဲတမ်းနားထောင်ဖြစ်တယ်လို့မေသွန်းခက ပြောပါ တယ်။မေသွန်းခကမန္တလေးမှာလည်း ပြက္ခဒိန်တွေတော်တော်များများရိုက်ဖြစ်ခဲ့ပါသေးတယ်။ပြက္ခဒိန်ရိုက်ကူးမှုတွေနဲ့ ပတ်သက်ပြီး မေသွန်းခက "ညီမပြက္ခဒိန်ရိုက်တာ မန္တလေးအတွက် ရိုက်တာပိုများတယ်။ စိန်တိုက်၊ ဆန်ပစ္စည်းအတွက် ရိုက်ရ တာများတယ်။
ပြက္ခဒိန်ရိုက်ရတာ ပရိသတ်တွေနဲ့ နီးစပ်မှုပိုမြန်တယ်။ ပြက္ခဒိန်က အိမ်တိုင်း လိုလို ချိတ်ထားကြတာလေ။ ကုန်ပစ္စည်းတွေအတွက်ရိုက်ရင် ပိုင်ရှင်တွေက ပရိသတ်တွေကို Promotion အနေနဲ့ပေးတာဆိုတော့ ပရိသတ်တွေနဲ့ နီးစပ်မှုပိုမြန် တယ်လို့ထင်တယ်။ ပရိသတ်တွေက သူတို့ကြိုက်တဲ့ အနုပညာရှင်ပုံတွေကို အိမ်မှာချိတ် ထားကြတာ။ညီမတောင် တစ်ခေါက် ကြုံသေးတယ်။ သူငယ်ချင်းအိမ်သွားလည်တာ ညီမပုံချိတ် ထားတာတွေ့ တယ်။ ညီမပုံကို သူများအိမ်မှာထားထားရင် ညီမနည်းနည်းတော့ ရှက်တယ်။ ဒါပေမဲ့ ကိုယ့်ကို အားပေးလို့ ချိတ်ထားတာဆိုတော့ ဝမ်းသာမိပါတယ်" လို့ပြောပါတယ်။
တွယ်တာ
Popular Journal
1 comments:
မေသွန်းခရဲ့ ပရိတ်သတ်တစ်ယောက်ပါ။အောင်မြင်တဲ့ သရုပ်ဆောင်ကောင်းဖြစ်မယ်လို့ယုံကြည်နေပါတယ်။အမြဲတမ်းအားပေးနေမှာပါ။
Post a Comment