8:52 AM
0


RB News 9.8.2013 စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရိုဟင်ဂျာ ဒုက္ခသည် စခန်းများ ဖြစ်သော အုန်းတောကြီးနှင့် ဘော ဒူဖ တို့တွင် လုံခြုံရေး တပ်ဖွဲ့ဝင် လုံထိန်း များ၏ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ မွတ်စလင် ၄ ဦး သေဆုံးပြီး၊ ၁၂ ဦးခန့် ဒဏ်ရာ ရရှိကြောင်း သတင်း ရရှိပါသည်။ ဖြစ်ပွားပုံမှာ ယမန်နေ့ ညနေပိုင်းက အုန်းတောကြီး ဒုက္ခသည် စခန်းမှ ငါးမျှားရန် သွားခဲ့သူ ရိုဟင်ဂျာ လူ မျိုး နှစ်ဦးကို လုံထိန်းများမှ ဖမ်းဆီး၍ ရိုက်နှက်ခဲ့ရာ တစ်ဦးမှ ထွက်ပြေး လွတ်မြောက် ခဲ့သော်လည်း တစ်ဦးကို လုံထိန်းများက ရိုက်နှက်ရင်း လက်လွန်၍ ထိုနေရာတွင်ပင် သေဆုံးသွား ခဲ့သည်။ ထိုသတင်းကို ယနေ့ နံနက်ပိုင်းတွင် ရိုဟင်ဂျာ လူမျိုးများ သိရှိသွားပြီး၊ အုန်းတောကြီးရှိ လုံထိန်းစခန်းသို့ သွားရောက် ၍ သေဆုံးသွား၏ အလောင်းကို ပြန်ပေးရန် တောင်းဆို ခဲ့သည်။ သို့သော်လည်း လုံထိန်းများက အလောင်း အား ပြန်မပေးသည့် အပြင် များပြားလာသော လူအုပ်ထဲသို့ သေနတ်ဖြင့် ပစ်ခတ်ရာ ၄ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိ ရပါသည်။ ထိုသို့ ပစ်ခတ်ပြီးနောက် အပြစ်မဲ့ ပြည်သူများကို ပစ်ခတ်ရသည့် အကြောင်းကို အကွက်ဆင် ပြသရန် အ တွက် လုံထိန်းစခန်းကို လုံထိန်းများ ကိုယ်တိုင် မီးရှို့ခဲ့ကြောင်း ဒေသခံ တစ်ဦးမှ ပြောပါသည်။ အဆိုပါ လုံထိန်း စခန်းသည် ယခင်က နစက စခန်း ဖြစ်သည်။ “ကျွန်တော်တို့က မနေ့က လုံထိန်းတွေ သတ်ပစ်ခဲ့တဲ့ အလောင်းကို သဂြိုဟ်ဖို့ အတွက် ကောင်းကောင်း မွန်မွန် တောင်းတယ်။ ဒါပေမယ့် လုံထိန်းတွေက မပေးတဲ့အပြင် ရိုင်းရိုင်း စိုင်းစိုင်း ဆဲတယ်။ တဖြေးဖြေးနဲ့ လူတွေများ လာတော့ လူအုပ်ထဲကို သေနတ်နဲ့ ပစ်တယ်။ အဲဒီနေရာမှာဘဲ ၄ ယောက် ပွဲချင်းပြီး သေတယ်။ ၈ ယောက် ဒဏ်ရာ ရတယ်။ ပြီးတော့ သူတို့ စခန်းကို သူတို့ ကိုယ်တိုင် မီးရှို့ပြီး ကျွန်တော်တို့ ရှို့တယ် ဆိုတဲ့ ပုံစံမျိုး ဖန်တီးတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဒဏ်ရာ ရရှိသူများကို သက္ကေပြင် ဒုက္ခသည် စခန်းရှိ ဆေးခန်းတွင် ဆေးကုသလျက် ရှိပြီး၊ ၄ ဦးမှာ ဒဏ် ရာ ပြင်း ထန်၍ အသက် အန္တရာယ် စိုးရိမ်ရကြောင်း သတင်း ရရှိပါသည်။ နံနက်ပိုင်းမှ စ၍ လုံခြုံရေး လုံထိန်းများ၊ စစ်တပ် များက စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများ အားလုံးမှ ဒုက္ခ သည် များအပြင်သို့ မထွက်နိုင်ရန် ပိတ်ဆို့ ထားပြီး၊ ညနေပိုင်းတွင် ဘောဒူဖ ဒုက္ခသည် စခန်းမှ အမျိုး သား ၆ ဦးနှင့် အမျိုးသမီး ၂ ဦးကို ဖမ်းဆီးရန် ကြိုးစား ခဲ့ရာမှ လုံခြုံရေးများနှင့် ဒုက္ခသည် များအကြား တင်းမာ မှုများ တဖန် ဖြစ်ပွား ခဲ့သည်။ ဒုက္ခသည်များမှ လုံခြုံရေး တပ်ဖွဲ့ဝင် များကို မတရား သဖြင့် ဖမ်းဆီးခြင်းများ မပြုလုပ်ရန်နှင့် အပြစ်မဲ့ ဖမ်း ဆီးခြင်း ခံထားရသော ရှေ့နေ ဦးကျော်လှအောင်အား ပြန်လည် လွှတ်ပေးရန် တောင်းဆို ကြရာ၊ လုံခြုံရေး တပ်ဖွဲ့ဝင် များက မျက်ရည်ယိုဗုံးများ သုံးသည့် အပြင် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၄ ဦး ဒဏ်ရာ ရ ရှိကြောင်း သိရှိ ရပါသည်။ ဘောဒူဖ ဒုက္ခသည် စခန်းမှ ဒဏ်ရာ ရရှိသူများကို ဘောဒူဖရှိ ဗလီတွင် ဆေးကုသလျက် ရှိကြောင်း သ တင်း ရရှိပါသည်။ လုံခြုံရေး တပ်ဖွဲ့ဝင် များ၏ လူမဆန်မှုကြောင့် ငါးဖမ်း သမား အပါအ၀င် စုစုပေါင်း ၅ ဦး သေဆုံး ခဲ့ရ သည်။ သေဆုံးသွားသူ များနှင့် ဒဏ်ရာ ရရှိသူများ၏ အမည် စာရင်း များကို အသေးစိတ် ရရှိလျှင် ထပ်မံ၍ တင်ပြ ပေးပါမည်။ - See more at: http://burmese.rohingyablogger.com/2013/08/blog-post_4005.html#forward

0 comments:

ဘယ်ကလာတာလဲ

Flag Counter

နိုင်ငံတကာ ရုပ်သံသတင်းများ ကြည့်ရန် ကလစ်ပါ

submit အမြဲလုပ်နော်