1:47 AM
0
(ဆိုးလ်၊ ဇွန် ၁၁)

ကိုရီးယား အဆိုတော်နှင့် သရုပ်ဆောင် လီဟိုရီသည် ရုပ်သံ အစီအစဉ် ရိုက်ကူးမှုများ ရပ်နားထားခြင်းနှင့် ပတ်သက်ပြီး သူ၏ တွစ်တာ စာမျက်နှာပေါ်၌ ဖွင့်ဟပြော ကြားခဲ့သည်။ ”ကျွန်မကို ပရိသတ်တွေက ရုပ်သံ အစီအစဉ် ရိုက်ကူးမှုတွေ ဘာလို့ နားထားတာလဲ လို့မေးကြတယ်။ အနားယူချင်လို့ နားထားတာပါ။ အကြောင်းပြ ချက် ထွေထွေ ထူးထူး မရှိပါဘူး။ ဘာလို့ ဒါပဲ မေးနေကြတာလဲ” ဟု တွစ်တာ စာမျက်နှာပေါ်မှာ ရေးသားထားသည်။ လီဟိုရီသည် ‘MONOCH-ROME’ အမည်ရှိ အယ်လ်ဘမ် ကို မေလက ဖြန့်ချိခဲ့ပြီး နှစ်ပတ်ကြာ အထိ အရောင်း မြှင့်တင်ရေး ရုပ်သံ အစီအစဉ် ရိုက်ကူးခြင်းများ ပြုလုပ်ခဲ့သည်။

”ကျွန်မ အယ်လ်ဘမ်ကို ရုပ်သံ အစီအစဉ် ရိုက်ကူးမှုတွေ နှစ်ပတ်ပဲ လုပ်မယ်။ ဒါပြီးရင် တခြား အစီအစဉ် ရိုက်ကူးမှုတွေ ထပ် မလုပ်တော့ဘူး” ဟုမေ ၂၉ ရက်တွင်  KBS Cool FM ၏ ‘ Kim C’s  Music Show’ ၌ လီဟိုရီက ပြောကြားခဲ့သည်။ တွစ်တာ စာမျက်နှာပေါ်တွင် ရေးသား ထားသော စာကိုတွေ့သည့် ပရိသတ် များ က ”ကောင်းကောင်း အနားယူပြီး ရိုက်ကူးရေးတွေ ပြန်လုပ်ပါ”ဟု ရေးသားခဲ့ကြောင်း သိရသည်။

သိင်္ဂီဝင်း

 Yahoo News

Popular Myanmar News Journal

0 comments:

ဘယ်ကလာတာလဲ

Flag Counter

နိုင်ငံတကာ ရုပ်သံသတင်းများ ကြည့်ရန် ကလစ်ပါ

submit အမြဲလုပ်နော်