1:52 AM
0
အိုင်အိုးဝ ဇွန် ၁၂

နီကိုးလ်ကယ်လီ အမည်ရှိ လက်တစ်ဖက် မရှိသော ရွှေရောင်ဖျော့ဖျော့ ဆံကေသာ ပိုင်ရှင် အလှမယ် တစ်ဦးသည်  အမေရိကန် Miss Iowa  ဆုကို  ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

နီကိုးလ်သည် ပြိုင်ဘက် အလှမယ်များ အားလုံးကိုကျော်၍ အဆိုပါဆုကို ရရှိခဲ့ခြင်းဖြစ်ပြီး Miss Iowa ဆုကို ဆွတ်ခူးနိုင် သည့် ပထမဆုံးသော အင်္ဂါချို့တဲ့သူ အလှမယ် တစ်ဦးလည်း ဖြစ်သည်။

သူမသည် မွေးဖွား လာကတည်းက ဘယ်လက် တစ်ဖက်မပါဘဲ မွေးဖွားခဲ့သူ ဖြစ်ပြီး သူမသည် လာမည့် စက်တင်ဘာ ၁၅ ရက်တွင် ယခုထက်ပို၍ ကြီးကျယ်သော ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သိရသည်။

မိမိသည် လာမည့်ပြိုင်ပွဲအတွက်လည်း  မိမိကိုယ်ကို  ယုံကြည်မှုရှိ ကြောင်း နီကိုးလ်က CBS 4 ရုပ်သံလိုင်းကို ပြောကြား ထားသည်။

နီကိုးလ်သည် ပြိုင်ပွဲမှ ချီးမြှင့်ငွေ ဒေါ်လာ ၁ဝဝဝဝ ကျော်ကိုလည်း ရရှိခဲ့ကြောင်း သိရသည်။

Written by  စကားဝါ (မြ၀တီ)

0 comments:

ဘယ်ကလာတာလဲ

Flag Counter

နိုင်ငံတကာ ရုပ်သံသတင်းများ ကြည့်ရန် ကလစ်ပါ

submit အမြဲလုပ်နော်