6:54 AM
0
From : ..harjulekatha



၁၊၆၊၂၀၁၃ရက်နေ့ည ၁၁နာရီ၁၀မိနစ်အချိန်က ကသာမြို့ အမှတ်(၃)ရပ်ကွက်ရှိ မြှိုမဗလီအား မီးကွင်း ပစ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်၊ ဖြစ်ပွားပုံမှာ ည၁၁နာရီ၁၀မိနစ်အချိန်တွင် အရှေ့ဘက်မှ အနောက်ဘက်သို့ ဦးတည်မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးပေါ်မှ ဓါတ်ဆီထည့်ထားသော ပလပ်စတစ်ဗူးတွင် အ၀တ်မီးစာ တပ်၍ လမ်းမပေါ်မှ ဗလီအတွင်းသို့ ပစ်သွင်း သွားခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်၊ထိုသို့ ပစ်သွင်းမှုကြောင့် မြို့မဗလီ(ဗလီကြီး)၏ မြောက်ဘက် တိုင်တစ်လုံး မီးဟပ်သွားခဲ့ပြီး မြို့ခံ မူဆလင်များနှင့် ဗုဒ္ဓဘာသာဝင်များမှ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်း သိရှိရပါသည်၊ ဖြစ်ပွားရာဗလီသို့ ကသာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးထွန်းအောင်ကျော် ၊မြှိုနယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်အောင်မြင့်နှင့် ခရိုင် ဒ/နမှ ရဲအုပ်မျိုးခိုင်နှင့် တပ်ဖွဲ့ဝင်များ၊နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဌေးဝင်းနှင့် တပ်ဖွဲ့ဝင်များအပြင် လွှတ်တော်ကိုယ်စားလှယ်ဦးစိန်ထွန်း တို့ ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ကိုလည်း တွေ့ရပါသည်၊ယခုဖြစ်ပွားမှုနှင့် ပါတ်သက်၍ သက်ဆိုင်ရာမှ မီးကွင်းပစ်ခဲ့သည့် ဆူပူုပြဿနာ ဖန်တီးလိုသူများကို စုံစမ်း ဖေါ်ထုတ်အရေးယူသွား မည်ဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးမှ ပြောကြားခဲ့ပြီး ဘာသာရေး အကြမ်းဖက်မှုမလိုလားသူ မြို့ခံဗုဒ္ဓဘာသာဝင်များဝင်များမှ အဖွဲ့ပေါင်းစုံပါဝင်သည့် ငြိမ်းချမ်းရေး အဖွဲ့ကို ဖွဲ့စည်းထားပြီး လုံခြုံရေးကို ယခုထက် ပိုမို တိုးမြှင့်ပေးကြရန် လိုလားနေကြောင်း သိရပါသည်၊ယခုရက်ပိုင်းအတွင်း ကသာမြို့ခံ ခမရ(၃၀၉)မှလည်း ညစဉ် လှည့်ကင်းများ ဆောင်ရွက်လျှက်ရှိနေပြီး ဘာသာရေး အဓိကရုန်းများ မဖြစ်ပွားစေရန် ထိန်းသိမ်း သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ပြီးခဲ့သည့် ရခိုင်ပြည်နယ် ကုလား-မြန်မာ အဓိကရုဏ်းတွင်လည်း မွတ်ဆလင်များက ၎င်းတို့အိမ်များကို မီးရှို့ထွက်ပြေးကြသဖြင့် ရခိုင်ပြည်သူတို့၏ နေအိမ်အများအပြား မီးစွဲလောင်ကျွမ်းခဲ့ရသည်။

0 comments:

ဘယ်ကလာတာလဲ

Flag Counter

နိုင်ငံတကာ ရုပ်သံသတင်းများ ကြည့်ရန် ကလစ်ပါ

submit အမြဲလုပ်နော်