11:30 PM
0
၂၄.၅.၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နေ မxxxx(၁၇)နှစ်သည် အဖွားဖြစ် သူနှင့် အတူ ဓမ္မိကရာ မကျောင်းတိုက်သို့ ဆွမ်းပို့သွားခဲ့ပြီး ဘုန်းကြီးကျောင်း တွင် အဖွားဖြစ် သူအား ထား ခဲ့ ကာ တစ်ရပ်ကွက်တည်းနေ သူငယ်ချင်းဖြစ်သူ မxxxx၏ ဆိုင်ကယ်ဖြင့် မြို့ထဲသို့ သွားရောက်လည် ပတ်ခဲ့ သည်။ 
ထို့နောက် သူငယ်ချင်းဖြစ်သူမှ ကျောင်းကြီးစုရပ်ကွက်နေ ၎င်း၏ရည်စားဖြစ်သူ အကော်ဆိုသူထံ အကြွေး သွားေ ပး မည်ဟုပြောပြီး လိုက်ခဲ့ရန်ခေါ်သဖြင့် ကျောင်းကြီးစုရပ်ကွက်၊ ရွာလယ်လမ်းရှိ အကော်၏ နေအိမ် သို့ လိုက် သွားခဲ့သည်။ ညနေ ၁၇၀၀ အချိန်ခန့် အကော်၏နေအိမ်သို့ရောက်ရှိပြီး ၄င်းနေအိမ်တွင် အကော် ၏အစ် ကိုဖြစ်သူ ကိုဖိုးခွါးနှင့်တွေ့ဆုံကာ နေအိမ်အပေါ်သို့ တက်ရန်ပြောသဖြင့် နေအိမ်ပေါ်သို့ တက်ေ ရာက် ထိုင်နေစဉ် ကိုဖိုးခွါးမှ ဘီယာသွားဝယ်မည်ဟုပြောဆိုခဲ့သည်။ 
၁၅ မိနစ်ခန့်အကြာ ဘီယာဝယ်ပြီး ပြန်ရောက်လာကာ နောက် ၁၅ မိနစ်ခန့် အကြာတွင် တောင်ကြီးမြို့၊ ကျောင်း ကြီး စုရပ်ကွက်နေ တရုတ်(ခ) မြတ်စိုးလင်း (၁၉)နှစ် ထပ်မံရောက် ရှိလာသဖြင့် ၎င်းတို့ ၄ ဦး ဘီ ယာ အတူသောက် ခဲ့၍ ၂၁၃၀ အချိန်ခန့် သူငယ်ချင်းဖြစ်သူ မxxxxမှာ ဆိုင်ကယ်ပြန်ထားမည်ဟု ပြော ဆို ကာ ကိုဖိုးခွါးနှင့် အတူ ထွက်သွားခဲ့သည်။ 
မxxxxနှင့် တရုတ်(ခ)မြတ်စိုးလင်းတို့ ၂ ဦးတည်းကျန်ခဲ့စဉ် မxxxxမှ ခေါင်းကိုက်ကြောင်းပြောရာ တရုတ် (ခ)မြတ်စိုး လင်းမှ ၎င်းပေါင်ပေါ်တွင် အိပ်ရန်ပြောဆိုသဖြင့် အိပ်နေစဉ် မxxxxအား ဧည့်ခန်းရှိ အိပ်ယာပေါ် သို့ပွေ့ချီ ကာ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သဖြင့် အရေးယူပေးပါရန် တိုင်ကြားခဲ့ သောကြောင့် တရုတ် (ခ)မြတ်စိုးလင်းအား တောင်ကြီးအမှတ်(၁)ရဲစခန်း(ပ)၁၂၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
ဓာတ်ပုံ- အမူးလွန်သော မိန်းကလေး တစ်ဦးအား မဖွယ်မရာ ပြုလုပ်ထားပုံ( ယခုသတင်းမှ မဟုတ်ပါ)

0 comments:

ဘယ်ကလာတာလဲ

Flag Counter

နိုင်ငံတကာ ရုပ်သံသတင်းများ ကြည့်ရန် ကလစ်ပါ

submit အမြဲလုပ်နော်