အသက် ၁၇ နှစ်အရွယ် ကျောင်းသူလေးကို လမ်းပေါ်တွင်နေထိုင်သည့် အခြေအနေမဲ့တစ်ဦးက မုဒိမ်းကျင့်ပြီး ကိုယ်ဝန်ရရှိလာခဲ့ကြောင်း ထိုမိန်းကလေးက ဝန်ခံခဲ့သည်။
မိန်းကလေးသည် မိမိတွင် ကိုယ်ဝန်ရှိနေသည်ကို မသိဘဲ အဖော်များနှင့် ဘတ်စ်ကက်ဘော ကစားနေစဉ် ဗိုက်နာလာသဖြင့် အိမ်သာသို့ပြေးခဲ့ရကြောင်း၊
သူမ၏ မိဘများ၊ သူငယ်ချင်းများနှင့် မိန်းကလေးကိုယ်တိုင် ကိုယ်ဝန်ရှိနေခြင်းကို မသိခဲ့ဘဲ၊ ဝလာသည်ဟု ထင်ခဲ့ကြောင်း သူမကဆိုသည်။
သူမကို တာဝန်ရှိသူများက မည်သူဆိုခြင်းကို စစ်မေးရာတွင် မပြောနိုင်ကြောင်း၊ ရဲများကလည်း ပတ်ဝန်းကျင်ရှိ အခြေအနေမဲ့များ၏ DNA နှင့် တိုက်ဆိုင်စစ်ဆေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
မွေးဖွားလာသည့်ကလေးမှာ မိန်းကလေးဖြစ်ပြီး အသက်ရှင်လျက်ရှိကြောင်း၊ မိသားစုက ထိုကလေးကို မိဘမဲ့ ကလေးများဂေဟာသို့ သွားရောက်ပေးပို့ရန် စီစဉ်ထားသည်ဟုဆိုသည်။
မောက္ခ
0 comments:
Post a Comment