ဖြစ်စဉ်အမှန်မှာ ၂၅.၅၂၀၁၃ ရက်နေ့တွင် ဝေယံဖုန်းမြင့် (၁၇)နှစ်၊ (ဘ) ဦးမြ၀င်း၊ (GTU) သည် ၄င်း၏ ရည်း စားဖြစ်သူ မ----- ၏လက်ကိုင်ဖုန်းသို့ ထက်ဝေယံ ဆိုသူမှ နောက်ပြောင်ပြော ဆို သည်ကို မကျေနပ်သဖြင့် ဖုန်းနှင့်စကားများ ရန်ဖြစ်ကြပြီး ၂၇.၅.၂၀၁၃ ရက်နေ့ နံနက်ပိုင်းတွင် ၆ လမ်းသွား လမ်းဆုံ၌ တစ်ဦးချင်း လက် သီး ထိုးရန် ချိန်းဆို ခဲ့ကြောင်း၊ ဝေယံဖုန်းမြင့်မှ သူငယ်ချင်း များဖြစ်သော အောင်ကျော်ဇင် ပထမနှစ် (GTU)၊ အောင်လင်းဖြိုး ပထမနှစ် (GTU) ဟိန်းစိုးအောင် (GTU)၊ ဟိန်းဝေယံချစ် (စိစစ်ဆဲ )၊ မြတ်လင်းအောင် (စိစစ်ဆဲ)၊ ကျော်သူစံ၊ (ဆိုင်ကယ်ကယ်ရီမောင်း)၊ နွားကြီး (ခ) ၀င်းမင်းထွန်း၊ (ဆိုင်ကယ် ကယ် ရီေ မာင်း)၊ သက်ပိုင်စိုး (ခ) အတွတ်၊ (ဆိုင်ကယ်ကယ်ရီမောင်း)၊ ဆံရှည် (ခ) ထွန်းထွန်း၊ (ဆိုင်ကယ်ကယ်ရီမောင်း )၊ တို့နှင့်အတူ ချိန်းဆိုထားသည့် (၆) လမ်းသွားလမ်းဆုံ သို့ သွားရောက်ခဲ့ပြီး ထက်ဝေယံနှင့် မိုးအောင်ပါ (၁၅) ဦးခန့်နှင့် စကားများ ရန်ဖြစ်ခဲ့ရာ သက်ပိုင်စိုး (ခ) အတွတ်တို့မှ ဓါးဖြင့် ထိုး၍ ဆိုင်ကယ် (၃) စီး ဖြင့်ထွက်ပြေး သွားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။
အမှုမှတရားခံများဖြစ်သော ဝေယံဖုန်းမြင့်၊ အောင်ကျော်ဇင်၊ အောင်လင်းဖြိုး၊ ဟိန်းစိုးအောင်၊ ကျော်သူစံ၊ သက်ပိုင်စိုး (ခ)အတွတ်၊ ဆံရှည်(ခ) ထွန်းထွန်း၊ နွားကြီး(ခ) ၀င်းမင်းထွန်း တို့အား ဖမ်းဆီးရမိစစ်ဆေး လျက်ရှိပြီးကျန်တရားခံ ဟိန်းဝေယံ ချစ်နှင့် မြတ်လင်းအောင် တို့အား ဖမ်းဆီးရမိရေးဆောင် ရွက်လျက် ရှိကြောင်း သတင်းရ ရှိပါသည်။
0 comments:
Post a Comment