7:14 AM
0
လော့စ်အိန်ဂျလိစ် မေ ၂၆
အမေရိကန် ပြည်ထောင်စုမှ ဂီတ ပညာရှင် ဘရက်ဒ်ကာတာ အမည်ရှိ အသက် ၃၉ နှစ် အရွယ် အမျိုးသားသည် လော့စ်အိန်ဂျလိစ် မြို့ရှိ ဆေးရုံ၌ မေ ၂၃ ရက်က ဦးနှောက် ခွဲစိတ်မှု ခံယူစဉ် ဂီတာ တီးခတ်ခဲ့ကြောင်း သိရသည်။
ကာတာသည် ၂၀၀၆ ခုနှစ်က ခံစား ခဲ့ရသော ပါကင်ဆင် ရောဂါကြောင့် ဖြစ်ပေါ်လာသည့် တုန်တုန်ယင်ယင် ဖြစ်ခြင်းနှင့် အခြား အခြေအနေ များကို ကုသရန် အတွက် ဆရာဝန် များက ၎င်း၏ ဦးနှောက်အား ခွဲစိတ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
ခွဲစိတ် ဆရာဝန် များသည် ကာတာ၏ ဦးခေါင်း အတွင်းသို့   ဦးနှောက်ကို အလုပ် လုပ်စေရန် အထောက်အကူ ပြုစေသည့် အီလက်ထရွန်နစ် ကိရိယာ ထည့်သွင်းပြီး နောက်တွင် ဦးခေါင်း အတွင်းသို့ လျှပ်ခေါင်းများကို နေရာ မှန်ကန်စွာ ချနိုင်ရေး အတွက် လှုံ့ဆော်မှု ပေးနိုင်စေရန် ဆရာဝန် များက ကာတာအား ဂီတာ တီးခတ်ရန် စေခိုင်းခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် ကာတာသည် ဆရာဝန် များက ဦးနှောက် အတွင်းသို့ လျှပ်ခေါင်းများ နေရာ ချပြီးသည့် အချိန်အထိ ဂီတာ တီးခတ်ခဲ့သည့် အပြင် ၎င်းနှစ်သက်သည့် တေးသီ ချင်းများ ကိုပါ သီဆို ခဲ့ကြောင်း သိရသည်။ အဆိုပါ ခွဲစိတ်မှုသည် UCLA ဆေးဘက်ဆိုင်ရာ ဌာန၏ အကြိမ်(၅၀၀) မြောက် ဦးနှောက် ခွဲစိတ်မှု တစ်ရပ်ဖြစ်ပြီး ၎င်းဌာန၏ အကြိမ် (၅၀၀)မြောက် ခွဲစိတ်မှု အထိမ်း အမှတ်အဖြစ် အဆိုပါ ခွဲစိတ်မှုကို အွန်လိုင်းမှ တစ်ဆင့် ထုတ်လွှင့် ပြသခဲ့သည်။ မိမိ အနေဖြင့် ကိုယ်ပိုင် တေး သီချင်း ဖြစ်သော ''Drunk again" ကိုတီးခတ်ရန် စိတ်အား ထက်သန်လျက် ရှိကြောင်း ကာတာက ကင်မရာမှ တစ်ဆင့် ပြောကြားခဲ့သည်။ ယင်းအမျိုးသားသည် ခွဲစိတ်မှု ပြုလုပ်စဉ် ဂီတာတီးသည့် ပထမဆုံး အမျိုးသား ဖြစ်လာခဲ့ကြောင်း သိရသည်။

0 comments:

ဘယ်ကလာတာလဲ

Flag Counter

နိုင်ငံတကာ ရုပ်သံသတင်းများ ကြည့်ရန် ကလစ်ပါ

submit အမြဲလုပ်နော်